#နေရာ
(အခန်းဆက်ဝတ္ထု)
စာရေးသူ= ဧကြည်ဖြူ
အပိုင်း (၃)
akyiphyu
*****a*****k *****y*****i***** p*****h *****y*****u*****အမှန်အတိုင်းဝန်ခံရမည်ဆိုလျှင် ချစ်ရသူကိုဟိုတယ်သို့ခေါ်၍မရသောအခါ။ကိုယ်တိုင်ကလည်း မခေါ်ရက်သောအခါ။ ခေါ်စရာမလိုဘဲနှင့်လိုက်ပါခဲ့သောသူမနှင့် လူမသိသူမသိဇာတ်လမ်းကိုစခဲ့မိလေသည်။ဇာတ်လမ်းစခဲ့စဉ်အချိန်ကလည်း သူမပြောသလိုပင် အချို့သောလူများကဲ့သို့ အပျော်သဘော၊အပျင်းပြေသဘောမျိုးနှင့်သာ သဘောထားပြီး ရှေ့ဆက်ခဲ့ခြင်းဖြစ်သည်။သူမနှင့်ပတ်သက်သောအချစ်သည် အတူလျှောက်လည်နေကြစဉ်နှင့်အိပ်ရာထဲအတူရှိနေကြစဉ် အချိန်၌သာ ဖြစ်ပေါ်ခဲ့ပြီး အချိန်တန်လျှင် မေ့ပျောက်သွားမြဲဖြစ်သည်။ထို့ကြောင့်လည်း အဆက်အသွယ်ဖြတ်ဆိုလျှင်လည်း ပိုင်စိုးခန့်ဘက်မှဖြတ်နိုင်ပေသည်။သို့မဟုတ်လျှင်လည်း ယခုကဲ့သို့ပင် ချစ်သူဝါဆိုဖူးမသိအောင် တိတ်တဆိတ်တွဲနေရမည်ဆိုလျှင်လည်း တခြားမည်သူမျှမရိပ်မိအောင် ပိုင်စိုးခန့်ဘက်မှ နေတတ်ထိုင်တတ်ပေသည်။ပိုင်စိုးခန့်အတွက် အိမြတ်ချယ်ရှိနေခြင်း၊မရှိနေခြင်းသည် ပြဿနာကြီးမဟုတ်လှ။နှစ်ယောက်တွေ့လျှင် ပြင်းပြင်းပြပြအချစ်များနှင့်အတူပျော်လိုက်မည်။မတွေ့ရလျှင်လည်း ပြဿနာသိပ်မရှိသောခံစားချက်မျိုးသာဖြစ်သည်။တကယ်တမ်းမှာ ချစ်သူဝါဆိုဖူးကိုစွန့်လွှတ်ပြီး အိမြတ်ချယ်ကို တရားဝင်ဇနီးမယားအဖြစ်ရွေးချယ်ဖို့အတွက်ကျတော့ နှလုံးသားကရောဦးနှောက်အသိကပါလက်မခံနိုင်ပေ။ဝါဆိုဖူးနှင့်ပတ်သက်၍ ပိုင်စိုးခန့်၏ရင်ထဲတွင် ပြင်းပြပူလောင်သော အချစ်မျိုးမရှိပါ။နှစ်ယောက်သားဆုံလျှင် ချစ်သူ့မျက်နှာလေးကိုတစိမ့်စိမ့်ငေးကြည့်ပြီး သူမပြောသမျှကိုနားထောင်ပေးချင်သည်။သူမကို ချစ်စနိုးစနောက်မည်။နှစ်ယောက်သား သူ့အကြောင်းကိုယ့်အကြောင်းပြောကြမည်။နှစ်ယောက်အကြောင်းပြော၍ဝလျှင် ဆွေမျိုးများအကြောင်းကိုပြောမည်။ကြည့်ထားခဲ့သောရုပ်ရှင် ဇာတ်ကားများအကြောင်းကိုပြောကြမည်။အနာဂတ်အိမ်မက်စိတ်ကူးများအကြောင်းကိုပြောမည်။ဤသို့ပြောနေခြင်းကပင် သူတို့၏နှလုံးသားများကို တသိမ့်သိမ့်လှုပ်ရှားကာနွေးထွေးစေလေသည်။ချစ်သူ၏အသံလေးကိုကြားလိုက်ရရုံ၊ချစ်သူ၏မျက်နှာလေးကိုမြင်လိုက်ရရုံနှင့် ရင်ထဲအေးချမ်းသွားသည်။နွေးထွေးသွားသည်လုံခြုံမှုရှိသွားသည်ဟုလည်းခံစားရသည်။ အိမြတ်ချယ်နှင့်ပတ်သက်၍ ခံစားချက်မှာတော့ဤသို့မဟုတ်ချေ။နှစ်ယောက်သားဇာတ်လမ်းစစဉ်ကတည်းက အထိအတွေ့နှင့်စခဲ့သောကြောင့်ထင်သည်။အိမြတ်ချယ်နှင့်ဆုံလျှင်ပြင်းပြသောချစ်ဇာတ်လမ်းများကို သတိရမိပြီး အာသာငမ်းငမ်းဆန္ဒများသာ ခနွာကိုယ်သွေးသားအတွင်း၌ရုန်းကြွလာတတ်မြဲဖြစ်သည်။ပိုင်စိုးခန့်သည် သူမတို့နှစ်ယောက်လုံးကို ချစ်နေပါသည်။သို့သော်လည်း ချစ်ခြင်းကတော့ မတူညီတာသေချာပါလေသည်။
YOU ARE READING
နေရာ
Romanceလင်းနေတဲ့နေရာမို့ ကျွန်မရှိနေခဲ့တာမဟုတ်ဘူး ကျွန်မရှိနေလို့ လင်းနေခဲ့တာ သူငယ်ချင်းသံယောဇဉ်ကို ဖျက်ဆီးလိုက်ကြတဲ့ သစ္စာဖောက်သူ နှစ်ယောက်ကြောင့် အချစ်ကို နာကြည်းသွားတဲ့ သူမ