#နေရာ
(အခန်းဆက်ဝတ္ထု)
စာရေးသူ= ဧကြည်ဖြူ
အပိုင်း (၁၈)
akyiphyu
*****a*****k *****y*****i***** p*****h *****y*****u*****(စာလုံးပေါင်းတွေမှားခဲ့ရင် သည်းခံပေးပါ
voice ကို အားကိုးရေးသားထားတာဖြစ်ပါတယ်/စာလုံးပေါင်း ပြန်စစ်ထားပေမဲ့ အရင်လို သုံးလေးခေါက်မစစ်ထားလို့ပါရှင် )နှုတ်ဆိတ်ကာ ကျောခိုင်းထွက်သွားခဲ့သော ဘုန်းတေဇ၏ကျောပြင်ကို ဝါဆိုဖူး လိုက်လံငေးမောကြည့်နေမိသည်။ဝါဆိုဖူးအနေနှင့် ကိုယ့်ကိုယ်ကို အထင်ကြီးနေသည်မျိုးမဟုတ်သော်လည်း သူမတို့ကြားမှ ဆက်ဆံရေးကိုပြတ်ပြတ်သားသားဖြစ်အောင် လုပ်ထားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ဘုန်းတေဇသည် တစ်ချိန်တုန်းကလို ပုံစံမျိုးဖြစ်နေခဲ့ပြီး သားပေါက်အဖြစ်ရှိနေခဲ့လျှင်အကြောင်းမဟုတ်ချေ။ယခုလိုပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ဘဝမျိုးဖြစ်နေချိန်မှာတော့ ဝါဆိုဖူးဘက်မှ ကြိုတင်ရှောင်ရှားထားသည်မှာ အကောင်းဆုံးဖြစ်သည်။ဘုန်းတေဇ၏ အချစ်ရေးလူမှုရေးကိစ္စများတွင် ဝင်ရှုပ်သလိုဖြစ်မှာကို အကြောက်ဆုံးဖြစ်နေသည်။အထူးသဖြင့်တော့ အိမြတ်ချယ်နှင့်ပတ်သက်ရမည့်ကို အကြောက်ဆုံးဖြစ်လေသည်။
~~~~a~~~k~~~y~~i~~~~P~~h -~~y~~u~~
အိမြတ်ချယ်သည် ကားကိုပါကင်ထိုးလိုက်ပြီးနောက် ကားပေါ်မှဆင်းလာခဲ့သည်။ကားပေါ်မှဆင်းပြီးသည်နှင့် ဝါဆိုဖူးတို့ဆိုင်ဆီသို့ မျက်နှာထားတင်းတင်းနှင့်လှမ်းကြည့်လိုက်လေသည်။ ပြီးနောက်တွင် တိုက်ခန်းလှေကားကျဉ်းလေးအတိုင်း တစ်ထစ်ချင်းလှမ်းတက်သွားလိုက်လေသည်။
~~~a~~~~k~~~~y ~~~i~~~p ~~h~~y ~~~~u~~
" ဒေါက် ... ဒေါက် "
တိုက်ခန်းတံခါးခေါက်သံကြောင့် ကိုမျိုးတစ်ယောက် တံခါးဆီသို့လျှောက်သွားလိုက်ပြီး တံခါးကိုဖွင့်လိုက်လေသည်။တံခါးဖွင့်လိုက်သောအခါတွင် တံခါးဝတွင်ရပ်နေသော အိမြတ်ချယ်ကိုကြည့်ပြီး ကိုမျိုးမှာအလွန်အမင်းအံ့သြထိတ်လန့်သွားရလေသည်။
'' ဟို ..ဟို ...မ...မအိမြတ်ချယ်လားမသိဘူး "
ကိုမျိုးသည် တုန်တုန်ယင်ယင်ထစ်ထစ်ငေါ့ ငေါ့နှင့်မေးလိုက်လေသည်။
YOU ARE READING
နေရာ
Romansaလင်းနေတဲ့နေရာမို့ ကျွန်မရှိနေခဲ့တာမဟုတ်ဘူး ကျွန်မရှိနေလို့ လင်းနေခဲ့တာ သူငယ်ချင်းသံယောဇဉ်ကို ဖျက်ဆီးလိုက်ကြတဲ့ သစ္စာဖောက်သူ နှစ်ယောက်ကြောင့် အချစ်ကို နာကြည်းသွားတဲ့ သူမ