အပိုင်း[၂၉]

2.7K 202 13
                                    

နိုးထလာတော့ အိပ်ရာပေါ်တွင်မမရှိနေသေး၏။မမက အခုထိပင် နိုးရိပ်မပြသေးပါ။
မမ မနိုးသေးတာကိုအခွင့်အရေးယူကာ မမရဲ့ပါးလေးကို ခိုးနမ်းလိုက်မိသည်။
ပြီးနောက် မမရဲ့မျက်နှာပေါ်က အစိတ်အပိုင်းလေးတွေကို တစ်ခုချင်းလိုက်ကြည့်နေမိ၏။
မမကတကယ်ပင်ချောလွန်းသည်။ကိုယ်တောင် မမနဲ့နည်းနည်းမှမလိုက်ဖက်ဟုပင်ထင်ရ၏။

ထပ်ပြီးမမရဲ့ ဆံပင်လေးများကို ထိကိုင်ကြည့်လိုက်၏။
ထိုအခါတွင်တော့ မမနိုးလာခဲ့လေပြီ။

"ငယ်"

"မမ နိုးသွားပြီလား"

"အင်း။ ဘယ်အချိန်ရှိပြီလဲ ငယ်"

"၇ခွဲမမ"

"ပြန်တော့လေ ငယ်။ငယ့်မိဘတွေပြန်ရောက်နေဦးမယ်"

မမကစိုးရိမ်တစ်ကြီးပြောလာ၏။မမရဲ့ ထိုပုံစံလေးကလည်း တစ်မျိုးတော့ချစ်စရာကောင်းလှသည်။

"မေမေတို့က နောက်ရက်မှပြန်လာမှာမမ"

"ဪ။ဒါဆိုရင်တော့ နေချင်နေဦးလေ။မမအခု  ငယ်နဲ့အတူစားဖို့ မနက်စာပြင်လိုက်ဦးမယ်။ပြီးရင် ငယ့်ကိုပြောစရာရှိသေးတယ်"

"ဟုတ်မမ"

မမထသွားတော့မှ လမင်းလည်းအိပ်ရာမှထလိုက်တော့၏။
ညကအိပ်မက်အကြောင်းကိုပြန်စဉ်းစားမိတော့ ခေါင်းကိုက်စရာပါ။
အိပ်မက်ထဲ မမကထားသွားတယ်လို့မက်ခဲ့သည်။ဒါဟာ အိပ်မက်သက်သက်ပဲမို့ သိပ်တော့ခံစားမနေရပါ။သို့သော် ခံစားချက်တွေကတော့လေးလံလို့နေသည်။

"ငယ်"

"ရှင်"

"စားလို့ကောင်းရဲ့လား"

"ကောင်းတယ်မမ"

နန်းကြီးသုပ်ကိုပလုတ်ပလောင်းနဲ့ ဇွန်းကိုလက်ကမချဘဲစားနေပုံမှာ ကလေးသာသာ
သာရှိသေး၏။ဒီကလေးဟာ အရင်တုန်းက မိမိရှေ့ဆို အလွန်ရှက်တတ်သည်။အခုများတော့ မရှက်တတ်တော့သလားမသိပါ။အစားစာနေတာကလေးလေးလိုပင်။

"မမမေမေရောဟင်"

"ဈေးသွားတယ် ငယ်"

"ဟုတ်။ မမပြောစရာရှိလို့ဆို ပြောလေမမ"

အချစ်များ၏နောက်ကွယ်(Completed)Where stories live. Discover now