အိမ်တအိမ်၏ဧည့်ခန်းထဲဝယ် မျက်နှာချင်းဆိုင်ထိုင်ရင်း သဘောထားမတိုက်ဆိုင်မှုကြောင့် တိတ်ဆိတ်ခြင်းကိုကိုယ်စီကျင့်သုံးနေကြသည့်လူရွယ်တစ်ယောက်နှင့် လူငယ်လေးတစ်ယောက်။"ကျတော်မသွားလို့မရဘူးလားဟင် ကျတော်ဒီမှာဘဲဆက်တက်မယ်လေ နော် Ge ဒီမှာဆိုလဲ တက္ကသိုလ်ကောင်းတွေအများကြီးရှိပါတယ်"
တိတ်ဆိတ်ခြင်းကိုဖြိုခွဲလိုက်သည့် ဩရှရှစကားသံလေး။ ဒါပေမဲ့ ထိုစကားကြောင့် စိတ်ရှုပ်သွားကာ မျက်မှောင်ကြုတ်လိုက်သည့် တဖက်က လူရွယ်။
မျက်မှောင်ကြုတ်ကာ သူ့အလိုမကျမှုကိုပြလိုက်သည်နှင့်တပြိုင်နက် မျက်နှာလေးငယ်သွားသည့် သူ့ညီငယ်လေး ကြောင့် ကျိုးချန် အတတ်နိုင်ဆုံးချော့မော့ပြောရန်သာပြင်လိုက်သည်။
"ဘယ်လိုလို့ရမှာလဲ ဝမ်ကျယ်ရယ်....ဘေကျင်းတက္ကသိုလ်ဆိုတာ တရုတ်မှာ ထိပ်တန်းတက္ကသိုလ်၅ခုထဲကတခု ...ဝင်ချင်တိုင်းဝင်ခွင့်ရတာမဟုတ်ဘူးလေ အဲ့လိုတက္ကသိုလ်မှာဝင်ခွင့်ရတာဘယ်လောက်တောင်ဂုဏ်ယူစရာကောင်းလိုက်လဲဝမ်ကျယ်...ဟမ် Geပြောတာနားလည်လား"
"ဒါ...ဒါပေမဲ့ ကျတော် Geနဲ့ မခွဲချင်ဘူးလေ"
တိုးညှင်းစွာထွက်ပေါ်လာသည့်စကားသံကြောင့် ကျိုးချန် ပြုံးလိုက်မိသည်။ သူကကော ဒီကလေးကိုခွဲနိုင်ပါ့မလား။ လွန်ခဲ့တဲ့ ၂လ ဝမ်ကျယ် Exam Result Mailရပြီးတည်းက သူ ဘေကျင်း တက္ကသိုလ်ကို အပြောင်းတင်ပြီး orderစောင့်နေရင်း ဘေကျင်းမှာ နေဖို့ ထိုင်ဖို့ ကြိုစီစဉ်ခဲ့ပြီးသား။ ဝမ်ကျယ်ကိုကြိုမပြောခဲ့တာက Surprise တိုက်ချင်လို့။
"ပြေးကြည့်လို့မှ ဒီညီအစ်ကိုလေး နှစ်ယောက်ရှိတာကို တယောက်တမြို့နေရအောင် Ge လုပ်ပါ့မလား စိတ်ချ Ge ဘေကျင်းတက္ကသိုလ်ကိုအပြောင်းတင်ပြီးလို့ order တောင်ကျလာပြီ ပြီးတော့ Ge ကလည်းဝမ်ကျယ်ကို တယောက်တည်းလွှတ်လိုက်ဖို့ စိတ်မချပါဘူး"
![](https://img.wattpad.com/cover/375039582-288-k675699.jpg)