Unicode ~~
ခွပ်! ခွပ်!
"အ "
ခွပ်!
"အ!!!"
ရှောင်ကျန့် သူ့စခန်းရဲ့ မြေအောက်ခန်းထဲ ခြေချလိုက်သည်နှင့် သူ့နားထဲ အလုအယက်တိုးဝင်လာသည်က ရိုက်နှက်သံတွေ နဲ့ငြီးငြူသံတွေ။
ကော်ဖီတခွက်ကိုင်ကာဝင်သွားသည့် ရှောင်ကျန့်ကတော့ အေးအေးလူလူဘဲ သူနဲ့မဆိုင်သလိုပင် ။
"Boss"
သူ့ကိုတွေ့တော့ ရိုက်နှက်နေတာတွေ ရပ်တန့်ကာ ဦးညွှတ်လာသည့် Jackနဲ့ သူ့ငယ်သားများ။
" သူလား "
ရှောင်ကျန့် ကော်ဖီတချက်မော့လိုက်ကာ ကုလားထိုင်ထက် တုပ်နှောင်ခံထားရသည့် လူကို မေးငေါ့ပြရင်း မေးလိုက်တော့ Jackက~
" ဟုတ်ပါတယ် Boss"
ငိုက်စိုက်ကျနေသည့် မျက်နှာကို ဆွဲမော့လိုက်တော့ သွေးတွေချင်းချင်းနီနေသည့် မျက်နှာကြောင့် ရှောင်ကျန့် Jackထက်လှည့်လိုက်၍~
" ကျစ် အ့လောက်ထိ လုပ်ရလားJackရာ"
Bossစကားကြောင့် Jackကြောင်စီစီဖြစ်သွားရသည်။ တခါမှ လူတယောက်အပေါ်သနားကြင်နာခြင်းမရှိခဲ့သည့် Bossက ထိုလိုပြောလာတော့ သူ့အတွက်အထူးအဆန်းပင်။ ဟိုကောင်လေးနဲ့ ပတ်သက်ပြီးနောက်ပိုင်းသူတို့ Bossက တကယ်ပြောင်းလဲသွားခဲ့ပြီလား။ ဒါပေမဲ့ သူ့အတွေးတွေတောင်မဆုံးလိုက်သေး ထပ်ကြားလိုက်ရသည်က~
" ခုတော့ သွေးတွေကြောင့် သူ့မျက်နှာကိုမမြင်ရတော့ဘူးလေ"
" ဗျာ"
" ငါ့ကိုသစ္စာဖောက်ရဲလောက်တဲ့ အထိ သတ္တိရှိတဲ့လူ လောကမှာ ရှားရှားပါးပါးဘဲ ငါ အဲ့လောက် ရဲစွမ်းသတ္တိအပြည့်နဲ့လူရဲ့ မျက်နှာကို ငါမြင်ဖူးချင်ပါတယ်ဆို"
နှုတ်ခမ်းတစူစူနဲ့ ပြောနေတဲ့ Bossက ရုပ်ရည်လေးကြောင့် အကြောင်းမသိတဲ့ လူအတွက်ဆို ချစ်ဖို့ကောင်းစရာလေးလို့ ထင်ချင်ထင်လိမ့်မည်ဆိုပေမဲ့ အကြောင်းသိတဲ့သူတို့ကတော့ ဒါဟာ Bossရဲ့ ရက်စက်စွာပြုမှုတော့မည့်အရာတခုခုအတွက် ရှေ့ပြေးလက္ခဏာမှန်း တန်းသိ၏။ တကယ် Bossက သူတို့ကို စိတ်မပျက်စေဖူးဘူး။