Ep-10

615 51 6
                                    

Unicode ~

ရှောင်ကျန့်နိုးလာတော့ ထုံကျင် လေးပင်မှုကို ခံစားနေရသည့် ခန္ဓာကိုယ်က ဆီးကြို၍ နေလေ၏။သူ့မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ အလင်းပျပျသာဝင်နေသေးသည့်အခန်းကြောင့် မိုးစင်စင်မလင်းသေးကြောင်းသိရလိုက်သည်။

ရှောင်ကျန့်သူ့ကိုယ်ထက် မှောက်အိပ်ရင်း သူ့ရင်ဘတ်ကိုခေါင်းအုံးကာ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်စက်နေသူလေးကို
ငုံ့ကြည့်ရင်း မနေ့က အကြောင်းကို ပြန်တွေးမိသွား၏။

မနေ့ညက သူအထိန်းအကွပ်မဲ့စွာနဲ့ အချိန်အတော်ကြာကြာထိုစားပွဲပေါ်မှာတင် ဘေဘီကိုယ်လေးကို တင်းကြပ်စွာပွေ့ဖက်ရင်း ဘေဘီလေးရဲ့ နှုတ်ခမ်းကို သုံးဆောင်နေခဲ့မိတာဘေဘီ အကြောက်လွန်ပြီး အိပ်စက်သွားမှဘဲ သူအသိဝင်လာရကာ ရပ်တန့်မိလိုက်ခြင်း။ သို့ပေမဲ့ သူ့လူတွေကို အိမ်ပြန်ခိုင်းမိလိုက်တာကြောင့် သူ ဘေဘီကိုယ်လေးကို သူ့ကိုယ်ပေါ်တင်လိုက်ကာ ထိုနေရာလေးမှာတင် အိပ်စက်ခဲ့လိုက်၏။ မာကျောလွန်းသည့် သံမဏိ စားပွဲထက်တော့ ဘေဘီ့ကိုသူမအိပ်ခိုင်းရက်။

ဒါပေမဲ့လဲ ခုလို ဘေဘီမသက်မသာနဲ့အိပ်စက်နေရတာမြင်ရတော့ တံခါးကိုအပြင်ကနေလော့ခတ်စေပြီး ပြန်ခိုင်းလိုက်မိတာကိုပင်နောင်တရချင်လိုလို။ တညလုံး ငိုရှိုက်နေခဲ့သည့်သူလေးက ခုထိလဲ ရှိုက်နေစဲ။ တချက်တချက် တုန်တက်သွားသည့်ကိုယ်လေးက အတော်ပင် ကြောက်ရွံ့သွားပုံပင်။

"Morning ဘေဘီ"

ရှောင်ကျန့်ဘေဘီ့ ဆံစတွေကိုအသာပွတ်သပ်လိုက်ရင်း ခေါင်းလုံးလုံးလေးထက်အနမ်းတပွင့်ခြွေလိုက်ကာ မကြားနိုင်မှန်းသိသော်လည်းနှုတ်ဆက်လိုက်မိသည်။

ရှောင်ကျန့်ဘေဘီ့ပါးဖေါင်းဖေါင်းလေးကို ပွတ်သပ်ကာ ပြတင်းပေါက်ကတဆင့် အပြင်ကောင်းကင်ကြီးကိုငေးကြည့်နေစဉ် အပြင်ကတံခါးဖွင့်သံကြားတာကြောင့် သူ့လူတွေ လာပြီမှန်းသိလိုက်သည်။ ရှောင်ကျန့် ဘေဘီ့ကိုယ်လေးကို အသာစောင်းကာချလိုက်၍သူ ကအရင် ထလိုက်ကာ စားပွဲပေါ်ကဆင်းလိုက်သည်။ သူ အငြောင်းညာ အနဲငယ်ဆန့်ပြီးသည်နှင့် စားပွဲပေါ်က ဘေဘီကိုယ်လေးကို ပွေ့ချီလိုက်ပြီး တံခါးပေါက်ဝဆီဦးတည်လိုက်သည်။

Untamed Love Where stories live. Discover now