6
Unicode ~~ရိပေါ်ကို အတင်းဆွဲခေါ်လာသည့် ရှောင်ကျန့်ဆိုသူက ခုလဲ သူ့ကားထဲကို အတင်းသွပ်သွင်းနေပြန်သည်။
ရိပေါ်ကားပေါ်ရောက်တာနဲ့ တ ဖက်မောင်းသူ နေရာကို ဝင်ထိုင်ကာ သူ့ကို အကြည့်စူးစူးနဲ့ ကြည့်လာသည့် ရှောင်ကျန့်ဆိုသူကြောင့် ကြောက်စိတ်နဲ့ ငိုယိုနေမိသည့်ရိပေါ်က ငိုရှိုက်သံထွက်မိမှာစိုး၍ အောက်နှုတ်ခမ်းလေးကို ခပ်တင်းတင်းကိုက်ထားလိုက်မိသည်။
ရှောင်ကျန့် သူကြည့်လိုက်တာနဲ့ နှုတ်ခမ်းကို တင်းတင်းကိုက်ကာ ရှိုက်ငိုသံမထွက်စေရန် ကြိုးစားနေသည့် ဘေဘီ့ကြောင့် ထွက်လာသည့်ဒေါသတွေကိုကားအပေါ်သာပုံချပြီး တရကြမ်းမောင်းနှင်နေလိုက်သည်။
အကြမ်းပတမ်းနဲ့ ကျောင်းဝင်းထဲက မောင်းထွက်လာသည့် ကားကြောင့် ရိပေါ် မျက်ရည်တွေက ခမ်းခြောက်သွားဖို့အစီစဉ်မရှိဘဲ ပို၍ပင်တရဟောစီးဆင်းလာရသည်။
ဘေကျင်းကို ခုမှရောက်ဖူးတာကြောင့် အခုကားက ဘယ်ကိုဦးတည်နေမှန်းသူမသိချေ။ ခုချိန် သူသိတဲ့ သူတမ်းတမိတဲ့ တဦးတည်းသောလူက Ge ။ Geသူနောက်ကို လိုက်လာခေါ်ပေးရင် သိပ်ကောင်းမှာဘဲ။ သူ ....သူအရမ်းကြောက်နေပြီ။
"ဟင့်"
သူအတန်တန်ထိန်းချုပ်နေသည့်ကြားက တချက်လွှတ်ထွက်သွားသည့် သူ့ရှိုက်သံကြောင့် ရိပေါ် နှုတ်ခမ်းကိုပို၍တင်းတင်းကိုက်လို့ ခုနက ရှောင်ကျန့်ဆိုသူ ဆုပ်ကိုင်ထားလို့ရဲနေသည့် သူ့လက်ကောက်ဝတ်ကို ပွတ်သပ်ရင်း ခေါင်းသာငိုက်စိုက် ထားလိုက်မိသည်။
ရှောင်ကျန့် သူ့ဘေးက ငိုချင်တာကို အတင်းကြိုးစားထိန်းချုပ်နေသည့် ဘေဘီလေးကြောင့် ထွက်သက်အရှည်ကြီးတချက်ကိုမှုတ်ထုတ်လိုက်ကာ သူ့ဒေါသကိုအရင်ငြိမ်သက်စေလိုက်ပြီး ကားကို လမ်းဘေးဆွဲချကာ ရပ်လိုက်သည်။