Ep-3

699 54 15
                                    

3
Unicode~~

ရှောင်ကျန့် ဆိုဖာနောက်မှီကိုမှီထိုင်ပြီး လက်ထဲက အရက်ခွက်ကိုငေးကြည့်ကာ ခွက်ထဲက ရေခဲတုံးတွေကို ပျော်ဝင်စေရန်လှည့်ကစားနေပေမဲ့ အတွေးတွေက~~

~~''Geကို မလုပ်ပါနဲ့  .....အင့်...မလုပ်ပါနဲ့...~~~ သွေးတွေထွက်နေပြီလို့''~~~

ဆိုသည့်  ငိုရှိုက်သံရောထွေးနေသည့် ဆူအောင့် စကားသံလေးက နားထဲတဝဲလည်လည်

"Geကိုမလုပ်ပါနဲ့"

"သွေးတွေထွက်နေပြီလို့"

ရှောင်ကျန့် နားထဲကြားယောင်မိသည့် စကားအတိုင်း သံယောင်လိုက်ကာ နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်မိသည်။

ဘာတဲ့ မနက်က ဟိုဆရာပါးစပ်ကနေ သူ့ဘေဘီလေးကို ခေါ်လိုက်တာ ဝမ်ကျယ်တဲ့ ဘယ်လိုတောင် ချစ်ဖို့ကောင်းလိုက်တဲ့ နာမည်လေးလဲ လူလေးနဲ့ နာမည်လေးက အဲ့လောက်လိုက်ဖက်နေဖို့လိုလို့လားကွာ။

"မင်းက မင်းမဟုတ်သလိုဘဲနော် ရှောင်ကျန့်"

ရှောင်ကျန့် သူ့အတွေးနဲ့သူ အလုပ်များနေတုန်း ထွက်ပေါ်လာသည့် ဟောက်ရွှမ်းစကားသံ။

ဟောက်ရွှမ်း၏စကားကြောင့် ရှောင်ကျန့် မျက်ခုံးအစုံက အထက်သို့ ပင့်သွားရသည်။

"ဘာကို"

အစမရှိအဆုံးမရှိပြောလာသည့်စကားကြောင့် ဟောက်ရွှမ်းဘာကိုဆိုလိုမှန်း မပေါက်တာကြောင့် မေးခွန်းပြန်ထုတ်လိုက်မိတော့~

" ဒီနေ့ ကိစ္စကိုပြောတာ ပုံမှန်ဆို ဒေါသထွက်ရင် ထိန်းမရသိမ်းမရနဲ့ တဖက်လူသွေးထွက်သံယိုမဖြစ်မချင်း မရပ်တန့်တဲ့ မင်းကလေ ဒီနေ့မှ ဘာတွေစိတ်ကောင်းဝင်နေတာလဲ"

အော် သူသဘောပေါက်သွားပြီ။ ဟောက်ရွှမ်းပြောလဲ ပြောချင်စရာပါဘဲ သူ့အကျင့်စရိုက်အရဆို သူ့အသားကိုလာထိတဲ့သူမပြောနဲ့ အကြည့်လေးတချက်နဲ့လာပြစ်မှားရင်တောင်တဖက်လူစုတ်ပြတ်သွားလောက်သည်အထိ အပြစ်ပေးနေကြသူလေ။ ဒါပေမဲ့ဒီနေ့ကျမှ ထူးထူးခြားခြားသူက ဘာလို့ဘာမှမလုပ်ခဲ့တာလဲ ဒါမှမဟုတ် ဟောက်ရွှမ်းပြောသလိုဘဲ သူ စိတ်ကောင်းဝင်နေခဲ့တာလား ဒါလဲမဟုတ်တာသူ့ကိုယ်သူသိပ်သိတာပေါ့။  ထိုအခိုက်အတန့် သူ့ဒေါသမီးတွေကို ရေနဲ့ပက်လိုက်သလို အေးငြိမ်းသွားသည့်အခိုက်တန့်  အွန်း ထိုသူလေးကြောင့်ဘဲ သူ့ကိုယ်သူထိန်းချုပ်နိုင်စွမ်းရှိခဲ့ပုံဘဲ။
အဟက် အများထဲကတယောက် မင်းကထူးထူးခြားခြားလေးဘဲ ဘေဘီ။

Untamed Love Where stories live. Discover now