Unicode ~မနေ့ကအဖို့ ရိပေါ် ကျောင်းထပ်မသွားဖြစ်တော့ဘဲ ဖြစ်ပျက်သွားသည့်အကြောင်းအရာနဲ့ ပတ်သက်ပြီး သူ တနေ့လုံးအပြင် တညလုံးကော ငုတ်တုပ်ထိုင်ကာ စဉ်းစားနေခဲ့တယ်။ ထိုလိုအချိန်ယူပြီး ခေါင်းအေးအေးထားပြီး စဉ်းစားခဲ့ပြီး နောက်ဆုံးထွက်လာခဲ့သည့် အဖြေက သူရှောင်နေမှဖြစ်မယ်တဲ့ ။
ဟုတ်တယ် ထိုရှောင်ကျန့်ဆိုသူ သူ့ကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားလောက်မည့်အချိန်ထိ သူ ရှောင်ထွက်သွားတာအကောင်းဆုံးဖြစ်မည်ထင် ။
ရိပေါ် မွေ့ယာထက် ထိုင်နေရာက ထလိုက်ကာ luggage ကိုဆွဲ ယူပြီး luggage ထဲ သူ့အဝတ်အစားတချို့ကို ထည့်လိုက်သည်။ နာရီကိုလှမ်းကြည့်လိုက်တော့ မနက် ၅နာရီခွဲ။ သူ sticky noteလေးကိုယူကာ ရှန်ဟိုင်းကပြန်မရောက်သေးသည့် Geအတွက် စာရေးပေးထားခဲ့လိုက်ကာ သူ့ကွန်ပျူတာလေးမှာ ကပ်ထားလိုက်ပြီး သူ ရထားဘူတာ ကိုထွက်ခဲ့လိုက်သည်။
******
မနေ့ကတရက်လုံး ဘေဘီအိမ်နားမှာရှိနေခဲ့သည့် ရှောင်ကျန့်က ညအတော်နက်မှ သူ့ကွန်ဒိုကိုပြန်ဖြစ်လေ၏။
ခုလဲ မနက်ရောက်ရောက်ချင်း ဦးတည်မိသည်က Shopping Mall....ရည်ရွယ်ချက်ကတော့သူခွဲလိုက်သည့်ဘေဘီဖုန်းလေးရယ် ဘိုးတော်ခွဲလိုက်သည့် သူဖုန်းအတွက်ရယ် ဖုန်းအသစ်ဝယ်ရန်ဖြစ်သည်။ သူမပြောဘူးလား ခုဆို နေ့နေ့ညည သူ့ခေါင်းထဲမှာ ဘေဘီနဲ့ပတ်သက်သည့်အကြောင်းရာတွေချည်းပါဘဲဆို။ ခုလဲကြည့် မနေ့ညက အိပ်ရေးမဝခဲ့တာတောင် ခုMallထဲမှာ ရွှင်လန်းစွာနဲ့ မငြီးမငြူပတ်နေမိတာ ဘေဘီအတွက်ဆိုတဲ့ စိတ်ကြောင့်။
ရှောင်ကျန့် တဆိုင်ပြီးတဆိုင် ဟိုဟို ဒီဒီလိုက်ကြည့်ပြီး နောက်ဆုံးကျ ခုလောလောလတ်လတ်မှ ထွက်ထားသည့် Iphone 15 pro max အဖြူတလုံး နဲ့ အမဲတလုံး ရယ်သာရွေးလိုက်သည်။ သူဖုန်းကို Activateလုပ်တာကို စောင့်နေစဉ် သူ့အနားကိုရောက်လာသည့် ယွီပင်းနဲ့ ဟောက်ရွှမ်း ဘေးမှာလဲ ကောင်မလေးကိုယ်စီနဲ့။