9
Unicode ~
ရိပေါ် အတန်းဆင်းလို့ အိမ်ပြန်ရန်တက်ကြွစွာနဲ့ ထွက်လာတော့ ဌာနရှေ့မှာ ရှောင်ကျန့်ဆိုသူနဲ့ ကောင်မလေးတယောက်ကိုပွေ့ဖက်နမ်းရှိုက်နေသည့် ရှောင်ကျန့်ကိုတွေ့လိုက်ရသည် ။
ရိပေါ်ကြောင်ကြည့်နေမိတုန်း သူ့ကိုကြည့်လာသည့်သူကြောင့် ခြေမကိုင်မိ လက်မကိုင်မိနဲ့ ဘာလုပ်ရမှန်းကို မသိတော့။ နောက်ဆုံးကြံရာ မရသည့်အဆုံး အဆောင်ထဲပြန်ပြေးဝင်ကာ ပုန်းနေရန်သာ ဆုံးဖြတ်လိုက်သည်။ ဟိုနားပုန်းရနိုး ဒီနားပုန်းရနိုးနဲ့ နောက်ဆုံး အပြင်လူတွေ ဝင်ခွင့်မရတဲ့ လက်တွေ့ခန်းထဲတွင်သာ သွားဝင်ပုန်းနေလိုက်သည်။
စားပွဲအောက်မှာပုန်းနေသည့်ရိပေါ်က တုန်ရီနေသည့်သူ့ခန္ဓာကိုယ်ကို ဒူးလေးကွေးကာ ပြန်လည်ပိုက်ထားပြီး ဒူးအစုံပေါ် ခေါင်းမှောက်ချထားလိုက်သည်က သူ့ စိုးရိမ်စိတ် ကြောက်ရွံ့စိတ်တွေ ပြေလိုပြေငြား ရည်ရွယ်၍။
ခရီးသွားနေသည့် Geနောက်ဆံတင်းနေမှာလဲစိုးတာ ရပါတယ် သူပြောခဲ့တာ ခုလို အဖြစ်မျိုးကြုံရမည်ဆိုတာသူသိခဲ့တာကြောင့် သူကြိုတွေးကြောက်နေခဲ့တာ။
ရှောင်ကျန့် ဘေဘီပုန်းနေသည့် စားပွဲအနားသွားကာ အောက်ကိုချောင်းကြည့်လိုက်တော့ ကွေးကွေးလေးနဲ့ သူ့ကိုယ်ကို ပိုက်ထားကာ ဒူးပေါ်ခေါင်းမှောက်ချထားသည့် ဘေဘီ။
ရှောင်ကျန့် သူပါစားပွဲအောက်ထဲအသာဝင်လိုက်ကာ ဘေဘီ့နောက်နားလေး ဝင်ထိုင်လိုက်တာတောင်မသိသည့်ဘေဘီက ဘာတွေအတွေးများနေပါလိမ့်။
"ဟိတ် ဒီမှာ ဘာလုပ်နေတာလဲ"
ရိပေါ် အတွေးတွေများနေစဉ် ရုတ်တရက် အနောက်ကနေ၍ သူ့နားထဲကို လေသံတိုးနဲ့ပြောလာတာကြောင့် ရိပေါ်အလန့်တကြားထရပ်လိုက်တော့~
ဒုန်း!!!
ရိပေါ် သူပုန်းနေတဲ့ နေရာကို မေ့ကာထရပ်လိုက်တော့ သံမဏိစားပွဲနဲ့ သူ့ခေါင်းဆောင့်သွားလေ၏။ သို့ပေမဲ့ နာကျင်မှုမခံစားရတာကြောင့် ကြည့်လိုက်တော့ ရှောင်ကျန့်ဆိုသူရဲ့လက်က သူ့ခေါင်းအထက်မှာ ခံထားပေးလေ၏။ ရိပေါ်ရှောင်ကျန့်ကို ကြည့်လိုက်တော့ မျက်နှာရှုံ့မဲ့နေသည့် ထိုလူ့က လက်နာကျင်သွားဟန်။