Unicode ~~
ရှောင်ကျန့်အသိနဲ့ကိုယ် ပြန်ကပ်လာလို့ မျက်လုံးမဖွင့်နိုင်သေးခင်မှာဦးစွာနားထဲကြားယောင်လာသည်က~
"မုန်းတယ် ရှောင်ကျန့်"
"မုန်းတယ် ရှောင်ကျန့်"
"မုန်းတယ် မုန်းတယ် မုန်းတယ်"
"ရှောင်ကျန့် ရှောင်ကျန့်"
ဘေဘီရဲ့စကားသံတွေက သူ့နားထဲမှာပဲ့တင်ထပ်ကာ တဝဲလည်လည်နဲ့ဖြစ်နေသလို အသည်းမာလွန်းပါသည်ဆိုသည့် သူ့၏ နားထင်၂ဖက်တွင်လည်းမျက်ရည်စီးကြောင်းတွေ ဖြစ်ပေါ်နေခဲ့ပေါ့။
သူ့မျက်ရည်ကိုဆွဲသုတ်လိုက်တော့ဆစ်ခနဲ့ ခံစားမိလိုက်သည့် လက်ခုံ။ သူမျက်စိဖွင့်ကာကြည့်လိုက်တော့ လက်ခုံပေါ်တပ်ဆင်းထားသည့်သွေးတွေစီးဆင်းနေသည့် ပိုက်။ ထိုပိုက်ကိုကြည့်ပုံအရ သူသွေးသွင်းနေရပုံပင်။
သူအားစိုက်ကာ ကုန်းရုန်းကာထလိုက်စဉ်~
"သတိရလာပြီလား Boss"
အခန်းထဲဝင်လာသည့် Jackက ထထိုင်ရန်ပြင်နေသည့် သူ့ကိုတွေ့တော့ ဝမ်းပမ်းတသာနဲ့ ကုတင်နားပြေးလာကာ ထူပေးလေသည်။
" သွေးထွက်လွန်ပြီး တပတ်လုံးလုံး သတိမေ့သွားတာမို့ ဒီတပတ်လုံး သွေးသွင်းနေရ...."
"ဘေဘီ့ဘယ်လိုနေလဲ"
Jack စကားကို ဆုံးအောင်နားထောင်မနေဘဲ သူသိချင်တာဖြတ်မေးလိုက်သည်။
Jack ပြောနေတဲ့ Topicကနေမှ အလိုက်တသိနဲ့ Bossသိချင်သည့် ဝမ်ရိပေါ်အကြောင်း အပြည့်အစုံကို အစီရင်ခံတင်ပြလိုက်သည်။
" ဝမ်ရိပေါ် ကအကြောက်လွန်ပြီး ၂ရက်လောက်မေ့မြောနေခဲ့ပြီးသတိပြန်လည်လာပါတယ် ဒါပေမဲ့..."
Jackဆက်မပြောဘဲ Bossအရိပ်အခြေကြည့်လိုက်တော့ သူ့စကားကိုရပ်ထားမိလို့ သူ့ကိုစိတ်မရှည်ဟန်ဖြင့် စူးစိုက်ကြည့်နေသည့် Bossက ကြောက်စရာကောင်းချက်က သူတံတွေးမြိုချလိုက်မိသည်အထိ။