Unicode ~~
ဟိုတညက သူတို့အိမ်ရှေ့လာသောင်းကျန်းပြီးသည့်နေ့ကစပြီး ပျောက်သွားသည့် ရှောင်ကျန့်ဆိုသူကြောင့် ရိပေါ်ရဲ့ နေ့ရက်တွေက အင်မတန်မှ လှပနေလေရဲ့။
သူ့ရဲ့ အရင်လို အကြောက်တရားကင်းမဲ့သည့်နေ့ရက်တွေက ပြန်လည်ကာရောက်ရှိလို့လာခဲ့ပြီမို့ သူ့မျက်နှာလေးက ရွှင်လန်းနေသလို သူ့ခြေလှမ်းတွေကလည်း ပေါ့ပါးနေလေ၏။
ရိပေါ် နေ့လည်စာအတူစားရန် Geဆီသွားနေစဉ် ~
📳Ph ring📳
" Hello "
"......"
" ဟုတ်ကဲ့ Ge နေ့လည်စာတော့စားဖြစ်အောင်စားနော် မစားဘဲမနေနဲ့"
"...."
" ဟုတ် အ့ဆို ဒါဘဲနော်"
Geက အလုပ်များနေတာကြောင့် နေ့လည်စာအတူလာမjoinနိုင်ကြောင်းဖုန်းရပြီးနောက် ပြောင်းလဲသွားသည့် ရိပေါ် ၏ ဦးတည်ရာက သူ့ဌာနကန်တင်းပင်။ ကန်တင်းရောက်သည်နှင့် ထမင်း ဟင်းတွေဝယ်ပြီး လွတ်နေတဲ့ စားပွဲတခုမှာ ဝင်ထိုင်လိုက်သည်။
.
.
.
"မင်္ဂလာပါ ဒီမှာခနထိုင်လို့ရလား"ခုထိ သူငယ်ချင်းမရှိသေးတာကြောင့် တယောက်တည်း ဟိုကြည့်ဒီကြည့်နဲ့ ကြောင်စီစီဖြစ်နေစဉ် ရုတ်တရက် သူ့စားပွဲဝိုင်းနားရောက်လာသည့်လူတယောက်။
"ဟုတ်ကဲ့"
ရိပေါ်ဆီက အဖြေရတာနဲ့ ရိပေါ်ရှေ့ဝင်ထိုင်လိုက်သည့်ထိုလူ။
ရိရွှမ်း ရှေ့ကကောင်ငယ်လေးဝင်ထိုင်လိုက်ကာ သူ့ကိုယ်သူမိတ်ဆက်ရန်ပြင်လိုက်၏။
"ကိုယ်က ရိရွှမ်း ပါ ဒုတိယနှစ်က ပြီးတော့ဒီက ညီလေးရဲ့ Roll no တူ စီနီယာ"
သူ့စကားအဆုံး အပြုံးတွေဖောဖောသီသီပေးလာသည့် ကောင်လေးက ကလေးလေးတယောက်လို အလွန်ချစ်စဖွယ်ကောင်း၏။
"အော်ဟုတ် တွေ့ရတာဝမ်းသာပါတယ် စီနီယာ ကျတော်က "
စီနီယာ၏မိတ်ဆက်မှုအဆုံးရိပေါ်ကိုယ့်ကို မိတ်ဆက်ရန်ပြင်လိုက်ပေမဲ့ ~