Ep-8

651 53 9
                                    

Unicode ~~

ရိပေါ် ကျောင်းသွားရန် ပြင်ဆင်ပြီးပေမဲ့လို့ အိပ်ယာထက်ထိုင်ကာ ထိုင်မိုင်နေမိသည်။ မနေ့က အဖြစ်အပျက်ကြောင့် တကယ်ဆို သူဒီနေ့ကျောင်းမသွားချင်သလို ရှောင်ကျန့်ဆိုသူကိုလဲ မတွေ့ချင်ပါ ဒါပေမဲ့ ဒီနေ့မှ အရေးကြီးတဲ့ Practicalကရှိနေသေးတာကြောင့် သူမသွားလို့လဲ မဖြစ်။

"ဟူးးး"

နောက်ဆုံးတော့ ရိပေါ် သက်ပြင်းချ၍သာ အောက်ထပ်သို့ ဆင်းလာလိုက်သည်။

" လာ ဝမ်ကျယ် ထိုင် "

ရိပေါ် ထမင်းစားခန်းထဲရောက်တော့ Geက သူ့ကိုလှမ်းခေါ်လေသည်။

ရိပေါ် ထမင်းစားပွဲဝိုင်းကိုဝင်ထိုင်ပြီး မနက်စာစားနေပါသော်လည်း သူ့ကို တကြည့်ကြည့်နဲ့ Geက သူ့ကို ပြောစရာရှိနေသယောင်။

" Ge ကျတော့ကို ပြောစရာရှိလို့လား ဟင်"

မနေနိုင်တဲ့ အဆုံး ရိပေါ်က ထုတ်မေးလိုက်တော့ သက်ပြင်းချလိုက်သည့် Geက စိတ်မသက်သာစရာတခုခုရှိနေသလိုပင်။

" မနေ့ကလေ "

"ဟုတ်"

ကျိုးချန် ဆက်ပြောရင်ကောင်း မပြောရင်ကောင်းစဉ်းစားနေမိသည်။

" မနေ့က ဘာဖြစ်လဲဟင် "

ဒါပေမဲ့ သူ့ကို ပြူးပြူးလေးမော့ကြည့်ကာ မေးလာသည့် ဝမ်ကျယ်ကြောင့် သူဆက်ပြောရန်သာ စိတ်ဆုံးဖြတ်လိုက်သည် မီးဆိုတာ မလောင်ခင်က တားထားရမည်လေ။

" မနေ့က ရှောင်ကျန့်နဲ့ ဘယ်သွားခဲ့တာလဲ ဝမ်ကျယ်"

" သိသွားတာလားဟင် "

ရိပေါ် ခေါင်းငုံ့ကာ တိုးညှင်းစွာနဲ့ မရဲတရဲ ဆိုလိုက်မိသည်။  မနေ့က Geက အချိန်ပိုဆင်းနေတာနဲ့ ညည့်နက်မှ ပြန်လာတာကြောင့် သူနဲ့ ရှောင်ကျန့်ဆိုသူ အပြင်သွားခဲ့တာကို မသိလောက်ဘူးထင်ထားတာ။

Untamed Love Where stories live. Discover now