Unicode ~
"မုန်းတယ် ရှောင်ကျန့်"
နားစည်ကို လာရိုက်ခတ်သည့် ဘေဘီစကားကြောင့် ရှောင်ကျန့် လှုပ်ရှားမှုတွေရပ်တန့်သွားရသည်။ လွတ်ထွက်နေသည့်သူ့စိတ်အစဉ်တို့သည်လဲ ထိုအခါမှကိုယ်နဲ့ ပြန်ကပ်လာသလို။
အသိနဲ့ ကိုယ်ပြန်ကပ်လာသည့် ရှောင်ကျန့် က အလန့်တကြားနဲ့ ဘေဘီ့ကို အလျင်မြန်ကြည့်လိုက်တော့ သူ့အောက်မှာ အသိမဲ့နေသည့်ဘေဘီလေး။
သူဘယ်လောက်ထိ အသိစိတ်မဲ့စွာကြမ်းရမ်းခဲ့မိသည်မသိ နွမ်းနယ်နေပုံရသည့် ဘေဘီ့က သတိပင်မေ့နေလေပြီ။
ရှောင်ကျန့် အတုန်တုန်အယင်ယင်နဲ့ ခုတင်အောက်ဆင်းရပ်လိုက်မိသည်။
စောင်ဆွဲယူကာ အသိမဲ့စွာ လဲလျောင်းနေသည့် ဘေဘီ့လေးကိုယ်လေးထက်လွှားပေးလိုက်ပြီးနောက် မျက်ရည်တွေနဲ့စိုရွှဲနေသည့် ဘေဘီမျက်နှာလေးကို သုတ်ပေးရန်လက်ကမ်းလိုက်ပေမဲ့ တုန်ရီနေသည့်သူလက်အစုံက ဘေဘီကိုဘယ်လိုမှမထိရက်ခဲ့။ သူသာထိလိုက်ရင် ကြွေလွှင့်သွားတော့မဲ့ ပန်းလေးတပွင့်နှယ် နွမ်းနယ်လွန်းနေသည့် သူ့ရဲ့ပန်းကလေး။
အခု သူ သူဘေဘီလေးကို ဘာလုပ်လိုက်ခဲ့မိတာလဲ။ သူထိုလိုဖြစ်စေရန် မရည်ရွယ်ခဲ့ပါဘူး ဒါပေမဲ့ အခု သူ သူ ဘေဘီ့အပေါ် ဘေဘီ့အပေါ်ကို ....
" အားးးးး"
ခွပ်!!!! ခွပ် !!!!!ခွပ် !!!!!
ရှောင်ကျန့် ယူကြုံးမရသည့်စိတ်၊ ကိုယ့်ကိုကိုယ်အပြစ်တင်စိတ်တို့၏ထွက်ပေါက်အဖြစ် နံရံကို ပုံချလိုက်မိသည်။
သူ့ကိုယ်သူ အပြစ်ပေးသည့်အနေနဲ့ နံရံဆီကိုပြေးထိုးလိုက်မိ၏။ နံရံထက်ကသွေးကွက်ကအစပြုကာ သွေးတောင်စီးကျနေတာတောင် သူ့မရပ်မိသေး။ သူ့လက်တခုလုံးစုတ်ပြတ်ပြီးနာကျင်နေတာတောင် သူ့ရင်ထဲက မွန်းကြပ်နာကျင်မှုက တစေ့လေးမှ လျော့မသွား။ ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်နဲ့ နောက်ဆုံးသူ ကောက်ကိုင်ကာ သူ့နားထင်ထက်တင်လိုက်မိသည်က သူ့လက်စွဲတော်။