Ep-4

698 66 16
                                    


Unicode ~~

လူကုံထံသားသမီးတွေသာ လာခွင့်ရှိတဲ့ အဆင့်မြင့်ဘားရဲ့ VVIP အခန်းတခန်းထဲက ဆိုဖာခုံလေးထက်မှာ ပူးကပ်နေကြတဲ့ လူနှစ်ယောက်   အခန်းတွင်း၌ ထွက်ပေါ်နေသည့်နမ်းရှိုက်သံတွေကလည်း နားရှက်ဖွယ်အတိ။

Ph ring 📳📳

ရှောင်ကျန့်  ရှင်းအယ် ဆိုသည့် သူ့ရဲ့ဘယ်နှယောက်မြောက်မှန်း မသိတဲ့ ကောင်မလေးအသစ်လေးကို ပေါင်ပေါ် တင်ကာနမ်းရှိုက်နေစဉ် အော်မြည်လာသည့် သူ့ဖုန်းကြောင့် ထိုကောင်မလေးရဲ့နှုတ်ခမ်းပါးလေးနဲ့ ပူးကပ်နေသည့်သူ့နှုတ်ခမ်းကိုဆုတ်ခွါလိုက်တော့ သူ့လည်ပင်းပြန်လည်ဆွဲလာကာ ဆက်နမ်းရှိုက်ရန် ကြိုးစားလာသည့် ကောင်မလေးကြောင့်ရှောင်ကျန့် ခေါင်းကို ဆုတ်ရှောင်လိုက်ကာ ~

"ကိုယ် ဖုန်းကိုင်အုံးမယ် ခန"

" ကိုကိုလို့"

"မဆိုးနဲ့"

ချွဲ့နွဲ့ပြီးထပ်ကပ်လာရန်ပြင်နေတော့ ရှောင်ကျန့်ခပ်ဆတ်ဆတ်လေးပြောလိုက်တော့မှ ဆူပုတ်ပုတ် ငြိမ်ကျသွားသည့် ကောင်မလေး။

ထိုအခါမှ ရှောင်ကျန့် စားပွဲပေါ်ကဖုန်းက ပေါ်နေသည့်Contact ကိုကြည့်လိုက်တော့ ယွီပင်း။

"အင်း ယွီပင်း ပြော ဘာကိစ္စ"

သူဖုန်းကိုယူကာanswerလုပ်လိုက်ရင်း ဆိုဖာနောက်မှီကို မှီချလိုက်တော့ သူရင်ခွင်ထဲတိုးဝင်လာသည့် ကောင်မလေး။ ရှောင်ကျန့်ထိုကောင်မလေးရဲ့ဆံနွယ်တွေကိုပွတ်သပ်နေရင်း ယွီပင်းပြောလာမည့်အကြောင်းအရာကိုနားစွင့်နေလိုက်သည်။

" မင်း စုံစမ်းခိုင်းထားတဲ့ကိစ္စ"

" အင်း အဲ့ဒါ ဘယ်လိုဖြစ်သွားပြီလဲ..."

စကားစကို ရပ်ပြီး ဘာမှဆက်မပြောလာတာကြောင့် ရှောင်ကျန့် စကားထောက်ပေးလိုက်တော့ ယွီပင်းဆီက သက်ပြင်းချသံသဲ့သဲ့နဲ့အတူ~

Untamed Love Where stories live. Discover now