Unicode ~
အိမ်ပြေးလေးရိပေါ်ဟာ တရက်လုံး ဂေဟာမှာလုပ်စရာရှိတာလုပ်ကူနေလိုက်သည်။ ဒီဂေဟာလေးဟာ မိဘတွေမရှိတော့သည့် သူနဲ့Geတို့ ပါးနဲ့မားအတွက်ရည်စူးပြီး အလှူလုပ်နေကြဂေဟာလေး။ ရိပေါ်လုပ်စရာရှိတာလုပ်ကူပြီးသည်နှင့် ဂေဟာရှေ့ကွင်းပြင်လေးမှာ ဆော့နေကြသည့် ကလေးတွေနဲ့ အားယွမ်လေးကို ထိုင်ကာငေးကြည့်နေမိသည်။ သူ အားယွမ်နာမည်သုံးလို့ လိမ်ထွက်လာခဲ့သည့် အတွက် သူအားယွမ်လေးအပေါ် အားနာသွားရသည်။ သို့ပေမဲ့ သူ့မှာတခြားသော အကြောင်းပြချက်ပေးစရာရှိမနေ။ ပေးလဲ Geသူ့ကိုယုံလိမ့်မည်မဟုတ်။ ပြီးတော့ ဟိုလူ သူ့ကိုအမြန်ဆုံးမေ့သွားနိုင်ရင်ကောင်းမှာ။ ဒါမှဘဲ သူလဲအရင်လိုလွတ်လပ်စွာပြန်နေနိုင်မှာ။
" ကိုကို နေမကောင်းဘူးလားဟင်"
သူဘယ်လောက်တောင် အတွေးလွန်နေခဲ့သည်မသိ အားယွမ်လေးသူ့အနားရောက်လာတာတောင်မသိလိုက်ဘဲ သူ့နဖူးလေးထက် လက်သေးသေးလေးလာစမ်းသပ်မှ အသိဝင်လာရသည့်အဖြစ်။
"ဟင် ကောင်းပါတယ် အားယွမ်လေးရဲ့ ဘာလို့လဲ"
"ကိုကို့ကို ကြည့်ရတာ နေမကောင်းသလိုဘဲမို့။ မပျော်နေဘူးလားဟင်"
ငိုမဲ့မဲ့လေးနဲ့ မေးလာသည့် အားယွမ်လေးကြောင့် ရိပေါ် သူ့အပူရုပ်ကိုဟန်လုပ်ကာ တန်ပြန်ပြုံးပြလိုက်ရင်း~
" ပျော်ပါတယ် အားယွမ်ရဲ့ ဒီတိုင်းစဉ်းစားစရာလေးရှိနေလို့ပါ"
ရိပေါ်သူ့အနားက မခွါတော့ဘဲ သူ့မျက်နှာအရိပ်အကဲကိုကြည့်ပြီး သူမရယ်ရယ်အောင် နည်းအမျိုးမျိုးနဲ့ လုပ်ပြနေသည့် အားယွမ်ကြောင့် စိတ်ညစ်တာတွေမေ့ပြီး ရယ်လိုက်မိသည်။ ထိုတော့မှ သူကို လာထွေးပွေ့ကာ သူ့ခေါင်းကို ရင်ခွင်သေးသေးလေးထဲထည့်ပေးလာသည့်အားယွမ်လေး~
"ကိုကို မပျော်ရင်သားလဲ မပျော်ဘူး အ့ကြောင့် ခုနကလို မငိုနေပါနဲ့နော်"
![](https://img.wattpad.com/cover/375039582-288-k675699.jpg)