Ep-2

775 60 10
                                    

Unicode~~

ခြံရှေ့ ကားထိုးရပ်လိုက်သည်နှင့် မြင်လိုက်ရသည့်မြင်ကွင်းက ရောင်စုံခြယ် ပန်းမျိုးစုံ နှင့်အလှဆင်ထားသည့် garden ငယ်လေးနှင့်အတူ  လိုက်ဖက်စွာ တွဲဖက်ရှိနေသည့် ဒီဇိုင်းဆန်းဆန်းနဲ့ အဖြူရောင်၂ထပ်တိုက်လေးက နေချင်စဖွယ်လေးပင်။

"Whoaaa"

ထို့နောက် Ge ကားDashboard ထဲက Remote Controlတခုထုတ်ယူလာကာ နှိပ်လိုက်တော့အလိုအလျောက်ပွင့်သွားသည့်ခြံတံခါးကြောင့် ရိပေါ် တဝိုးဝိုး တဝါးဝါးတွေဖြစ်ကုန်တာကိုကြည့်ရင်း Geက သူ့ခေါင်းကိုလှမ်းဖွကာ ရယ်၏။

ကားကိုခြံထဲမောင်းဝင်ပြီး ဆင်ဝင်အောက်ထိုးရပ်လိုက်သည်နှင့်တပြိုင်နက်~

"Welcome from new home ဝမ်ကျယ်...ကဲ...ဆင်းပြီး အိမ်လေးကို ပတ်ကြည့်ပါအုံး ကြိုက်လားလို့"

"ဟုတ် Ge"

Geကိုပြန်ဖြေပြီးသည်နှင့် ရိပေါ်၏ဦးတည်ရာက အိမ်ရှေ့မှာရှိနေသည့် အရောင်အသွေးစုံလင်သော ပန်းမျိုးစုံတွေနဲ့အလှဆင်ထားသည့် ဉယျာဉ်ငယ်လေးဆီသို့။
.
.
.

ရိပေါ်ဉယျာဉ်ကိုလှည့်ပတ်ကြည့်ပြီး အိမ်ထဲဝင်လာတော့ ဧည့်ခန်းထဲကဆိုဖာပေါ်မှာနောက်မှီကို မှီထိုင်ရင်း မျက်လုံးမှိတ်ကာ နားထင်တွေနှိပ်နေသည့်Geက မနေ့ကညနဲ့ ဒီနေ့ ၁ရက်လုံးနီးပါး ကားမောင်းလာရတော့ အတော်ပင်ပန်းနေသည့်ပုံပင်။ ရိပေါ် Geအနောက်ကို ခြေသံဖွကာ အသာအယာသွားလိုက်ပြီး နားထင်ကို နှိပ်ပေးလိုက်တော့ Geရဲ့ မှိတ်ချထားသည့် မျက်စိတွေဖွင့်လာကာ~

"ဘယ်လိုလဲ ကြိုက်ရဲ့လား ဝမ်ကျယ်"

Geက မေးလာတော့ ရိပေါ် ပုတ်သင်ညိုလေးလို ခေါင်းကိုတဆတ်ဆတ်ငြိမ့်ပြရင်း~

"ဟုတ် ကြိုက်တယ် Ge.... Garden လေးနဲ့  ဒီအိမ်လေးကအရမ်းလှတယ် "

" ဟုတ်ပါပြီ ဝမ်ကျယ် ကြိုက်ရင် လာထိုင်ပါအုံး "

Geက သူ့ဘေးက ဆိုဖာကိုပုတ်ပြကာ ခေါ်လိုက်တော့ ရိပေါ် Geဘေးကိုသွားဝင်ထိုင်လိုက်၏။

Untamed Love Where stories live. Discover now