'ဆိုဂျောင်ဟွမ် မင်းပြန်လာတာဘယ်အချိန်ရှိနေပြီလဲ
ဒါမိကောင်းဖခင်သားသမီးပြန်လာရမယ့်အချိန်လား ''2နာရီလေ ၊ ပါပါးကလည်း ဟိုနံရံပေါ်မှာ နာရီရှိနေတာကို ကိုယ့်ဘာသာကြည့်လိုက်ပါလား ။ သားကိုလာမေးနေသေးတယ် '
'မင်းကို ည9နာရီမထိုးခင်ပြန်လာရမယ်လို့ ငါမပြောထားဘူးလား။ အခုမှ အသက်က20ပဲရှိသေးတယ် ပျက်စီးချင်တိုင်းပျက်စီးနေတယ်၊ ပတ်ဝန်းကျင်ကသိရင် ဖအေကော မအေကောရှိရဲ့နဲ့ မဆုံးမဘူးလားဆိုပြီး ငါတို့ခေါင်းပေါ်ကျမှာ ၊ မင်းအဲ့ဒါ နားလည်လား '
'ပါးးး...သားဘယ်နှစ်ခါပြောရမလဲ သားမှာ အဖေပဲရှိတာ ၊ သားအမေအရင်းက မရှိတော့ဘူး သေပြီ ၊ အခုရှိနေတာ မိထွေးလေ ဘာလို့သားအမေဖြစ်ရမှာလဲ။ အဲ့မိန်းမက ဘယ်တော့မှသားအမေဖြစ်လာမှာမဟုတ်ဘူး ပြီးတော့ သားက တစ်ဦးတည်းသောသား ၊ ဟိုမိထွေးက ပါလာတဲ့ သမီးကလည်း သားအစ်မ မဟုတ်ဘူး ၊ သူတို့သားအမိကို ဒီမိသားစုဝင်အဖြစ် ဘယ်တော့မှ သားလက်ခံမှာမဟုတ်ဘူး'
'ဆိုဂျောင်ဟွမ်.... တော်ပြီ တော်ပြီ မင်းကို ဆက်ပြောနေလို့လည်း ဘာမှမထူးဘူး ၊ မနက်မှ မင်းနဲ့ငါနဲ့တွေ့မယ် ၊ သွား အခုအပေါ်တက် အိပ်တော့ '
ဟုတ်ပါတယ် ဒါ ကျွန်တော်တို့သားအဖကြား ဖြစ်နေကျ ပြဿနာပါပဲ ၊ အရင်က ပျော်စရာကောင်းတဲ့မိသားစုက ဟိုဂြိုလ်ဆိုးသားအမိ ဝင်လာပြီးမှ ပါပါးက ကျွန်တော်အပေါ် ချစ်လည်းမချစ်တော့သလို ဘာလုပ်လုပ်ကို အပြစ်ပြောနေတော့တာပဲ၊ ဟိုမိန်းမစကားကိုပဲ အမြဲအမှန်ထင်နေတဲ့ အဖေ့ကို ကျွန်တော် တစ်ခါတစ်လေ စိတ်တိုမိတယ် ။
...............................................................................
' Morning မောင်လေး '
' ဘာMorning လဲ။ နင်တို့သားအမိမျက်နှာကို တွေ့ကတည်းက ငါ့အတွက် မင်္ဂလာကိုမရှိတော့ဘူး ၊ အိမ်ကျက်သရေယုတ်တယ် '
' ခွေးကောင် ၊ မင်းကိုငါ ဆုံးမလို့ကို မရတော့ဘူးပဲ ၊ မိသားစုစုံစုံလင်လင် မနက်စာစားရမယ့်အချိန်မှာတောင် အေးဆေးမနေဘူး ၊ မင်းက ငါ့စိတ်ကို လာဆွနေတာပဲ'