ဂျောင်ဝူလည်း ဂျောင်ဟွမ်ထွက်မလာသေးတာနဲ့ Uniရဲ့ car park မှာ စောင့်နေလိုက်တယ်
Ring Ring Ring Ring
'Hello ဂျူယောင်း'
'ကိုကို ဒီနေ့ ဂျူယောင်းကို လာခေါ်မှာမှတ်လား'
'ဆောရီ ဘေဘီ၊ ကိုယ် အခုမှ အပြင်မှာပဲရှိသေးတယ် ၊ ကိုယ်ပြင်ဆင်တာနဲ့ကြာမှာမို့လို့ ပါတီကို ဘေဘီ့ဘာသာသွားလိုက် ကိုယ်လိုက်လာခဲ့မယ်'
'အင်းပါ အဲ့ဒါဆိုလည်း'
'ကိုယ်ဖုန်းချလိုက်တော့မယ်နော်'
ထိုအချိန်ဂျောင်ဟွမ်လည်း ဂျောင်ဝူကားကိုတွေ့တော့ ကားထဲဝင်လိုက်တယ်
'အိမ်ပြန်ပြီး ရေချိုးပြင်ဆင်ရအောင် မင်း ကိုယ်နဲ့ တစ်နေရာလိုက်ခဲ့ရမယ်'
'where?'
'ပါတီကိုလေ ကိုယ်တို့စီးပွါးရေးလုပ်ငန်းရှင်တွေရဲ့ ညစာစားပွဲရှိတယ် ဒီည၊ အဲ့ဒါမင်း ကိုယ်နဲ့လိုက်ခဲ့'
'မလိုက်ချင်ပါဘူး အဲ့လိုနေရာတွေမကြိုက်ဘူး၊ ဘာလွတ်လပ်မှုမှလည်းမရှိဘူး ၊ တစ်ခုခုအမှားလုပ်မိတာနဲ့ စောင့်ကြည့်နေမယ့် မျက်လုံးတွေကအများကြီး၊ ကျွန်တော်နဲ့ ကီးမကိုက်ဘူး'
ဂျောင်ဝူလည်းဂျောင်ဟွမ်ရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး
'ကိုယ်ရှိတယ်လေ တစ်ခုခုဆို မင်းကို ကာကွယ်ပေးမှာပေါ့'
'ဒီမှာ ပတ်ဂျောင်ဝူရှိ ကျွန်တော်က တိုက်ကွမ်ဒို ခါးပတ်အနက်ရထားတာပါနော် ကိုယ့်ဘာသာကာကွယ်နိုင်တယ်၊ ဟိုမိန်းမကိုသာ ကာကွယ်ပေးလိုက် ဟွန့်'
'ကိုယ်ပြောတာ သေချာနားထောင်၊ နောက်ဆို အန်ကယ်ရဲ့စီးပွါးရေးလုပ်ငန်းတွေကို မင်းပဲ ဦးစီးရမှာ ၊ အခုလိုပွဲမျိုးတွေလည်း ခဏခဏတက်ရမှာပဲ ၊ အတွေ့အကြုံရတယ်လို့ သဘောထားပြီး ကိုယ်နဲ့လိုက်ခဲ့၊ မင်းငြင်းလို့မရဘူး '
'ပြီးရော ပြီးရော လိုက်ခဲ့မယ်၊ ကိုကိုလည်း ကျွန်တော် Clubတို့ Barတို့သွားရင် လိုက်ခဲ့ပေးရမယ် ဒါအပေးအယူပဲ'
'OK ပါဗျာ'
..........................................................................
At Party