Part-7

42 4 0
                                    


'အဲ့တော့ ကိုကိုက ကျွန်တော့်ကို မုန်းလား'

'ဘယ်လိုပြောလိုက်တာလဲ၊ ကိုယ်က ဘာလို့မင်းကို မုန်းရမှာလဲ ၊ အစကတော့ ကိုယ့်ကိုလိမ်လို့ ဒေါသထွက်သွားပေမယ့်၊ မင်းမှာလည်း အကြောင်းအရင်းရှိတယ်ထင်လို့ ကိုယ်နားလည်ပေးနိုင်ပါတယ်'

'သိပ်ရှိတာပေါ့ အကြောင့်အရင်း'

'ပြောပါဦး အဆိုးလေးရဲ့ ဘာလို့ကိုယ့်အသားအနာခံပြီး အဲ့လိုလုပ်ရတာလဲ'

'ကိုကို့ကို အဲ့မိန်းမနဲ့ လက်မထပ်စေချင်လို့လေ'

'ဒါကတော့ ကိုယ်တို့က ချစ်သူတွေပဲ တစ်နေ့လက်ထပ်ရမှာပေါ့'

'ကိုကိုက ကိုကိုမချစ်တဲ့သူကို လက်ထပ်မလို့လား'

'ကိုယ် သူမကို ချစ်ပါတယ်'

'မဟုတ်ဘူး ကိုကို ညာနေတာ ၊ ကိုကို့စိတ်ကို ကိုကိုမသိနေတာ'

'ကိုယ်က အသက်25ကျော်ပြီ ကိုယ့်လို လုပ်ငန်းရှင်တစ်ယောက်က ကိုယ့်စိတ်ကိုယ် မသိဘဲနေမလား'

'ဒါဆို ကျွန်တော်ကရော ၊ ကျွန်တော်က ကိုကို့အတွက် ဘာလဲ'

'မင်းက ညီလေးလေ ကိုယ့်ညီလေးပေါ့'

'ညီလေးဖြစ်ရအောင် ကိုကိုနဲ့ ကျွန်တော်ဘာမှသွေးမတော်ဘူး'

'ဒါပေမယ့် ကိုယ်တို့ ညီအကိုတွေလိုနေလို့ရတာပဲလေ'

'ဒါဆို ညီအစ်ကိုချင်းလည်း နမ်းလို့ရတယ်ပေါ့'

'မင်းပြောတာ ကိုယ် နားမလည်ဘူး '

ဂျောင်ဟွမ်လည်း စိတ်မရှည်တော့ဘဲ driver seat မှာထိုင်နေတဲ့ ဂျောင်ဝူရဲ့ ပေါင်ပေါ်ကို ပြောင်းထိုင်လိုက်ပြီး သူ့လက်ဖဝါးနှစ်ဖက်နဲ့ ဂျောင်ဝူရဲ့ ပါးနှစ်ဖက်ကို အုပ်မိုးလိုက်တယ်

'ကျွန်တော်နှုတ်ခမ်းပေါက်တဲ့ ကိစ္စက ကြွက်လည်းမဟုတ်ဘူး ၊ ပိုးဟပ်လည်းမဟုတ်ဘူး ၊ ကိုကို့လက်ချက်ဆိုတာ ကျွန်တော်သိတယ် ၊ အဲ့ညက ကိုကိုလည်း ကျွန်တော့်ကို နမ်းရတာ သဘောကျနေတာပဲလေ '

'အားလုံးမှတ်မိနေတာလား'

'မှတ်မိတာပေါ့ ၊ ကျွန်တော့်ဘက်က စနမ်းခဲ့တာမှန်ပေမယ့် နောက်တော့ကိုကိုက ဦးဆောင်ခဲ့တာလေ ၊ ပြောပါဦး အဲ့ဒါ ကျွန်တော့်ကို ညီလေးလို သဘောထားလို့လားဆိုတာ '

Just For My Revenge Where stories live. Discover now