ဂျူယောင်းလည်း ဂျောင်ဟွမ်ပြောပြတဲ့အကြောင်းအရာများကိုနားထောင်ပြီးတဲ့နောက် ဘာစကားမှမပြောနိုင်ဘဲဖြစ်သွားခဲ့တယ်။ သူ့အမေပိုက်ဆံမက်တာမှန်ပေမယ့် ဒါဟာလည်း သူကောင်းဖို့အတွက်ဆိုတာနားလည်ပါတယ်။ ဒါပေမယ့် သူသိထားတာက ဂျောင်ဟွမ်ရဲ့အမေမရှိတော့မှ သူ့အမေက ဂျောင်ဟွမ်အဖေနဲ့အချင်းချင်းမေတ္တာမျှတယ်လို့သိထားခဲ့တာ။ သူCanada မှာကျောင်းတက်နေတဲ့အတောအတွင်း အမေက သူ့ကို လိမ်ထားခဲ့တာပေါ့။
'ဘာလဲ နင့်ပါးစပ်က ပြောစရာစကားမရှိတော့ဘူးလား'
'ငါတောင်းပန်တယ် ဂျောင်ဟွမ် ၊ ငါအဲ့ဒါတွေကို တကယ်မသိခဲ့လို့ပါ ငါကိုယ်တိုင်လည်း နင့်အပေါ်မကောင်းခဲ့ပေမယ့် အမေအဲ့လောက်ထိ ရက်စက်လိမ့်မယ်လို့ မထင်ထားမိဘူး'
'တောင်းပန်တော့ကော ဘာထူးသွားမှာလဲ '
'ဘာမှမထူးသွားပေမယ့် ငါ့အမေရဲ့ အတိတ်ကလုပ်ရပ်အတွက်ကော နင့်အပေါ်လုပ်ခဲ့တာတွေအတွက်ပါ နင်ကျေနပ်အောင် ထပ်ပြီးတောင်းပန်ပါ့မယ်'
'သွားသေလိုက်လေ ၊ နင်တောင်းပန်လို့လည်း ငါ့မာမားက ပြန်ရှင်မလာဘူး၊ ဒါပေမယ့် နင်သေသွားရင်တော့ နင့်အမေ ငါ့ခံစားချက်ကို ကောင်းကောင်းနားလည်မှာ ၊ ကိုယ်ချစ်ရတဲ့သူတစ်ယောက်ကို ဆုံးရှုံးရတဲ့ခံစားချက်က ဘယ်လောက်ထိဆိုးရွားလဲဆိုတာ'
'ငါ့သမီး သေရမှာမဟုတ်ဘဲ ၊ မင်းသေရမှာ'
'မာမီ'
ဘယ်တုန်းကတည်းကပြန်ရောက်နေမှန်းမသိတဲ့ မိထွေးက ဂျောင်ဟွမ်ရဲ့စကားတွေကိုကြားပြီး သူ့သမီးအပေါ် လိမ်ထားတာတွေပေါ်သွားလို့ သူ့သမီးသူ့ကိုမုန်းမှာ စိတ်ပူနေတယ်
'မာမီ ဘာလို့သမီးအပေါ်လိမ်ထားရတာလဲ၊ မာမီပြောတော့ ဒယ်ဒီနဲ့က သူ့မိန်းမမရှိတော့မှတွေ့ကြတာဆို ၊ ပြီးတော့ ဂျောင်ဟွမ်ရဲ့အမေဆီ အဲ့video ပို့တာ မာမီလား'
'ဟုတ်တယ် မာမီပို့လိုက်တာ၊ အစကတော့ သူ့ရောဂါနဲ့သူသေမယ့်အချိန်ကိုစောင့်နေခဲ့တာပါ၊ ဒါပေမယ့် ဒင်းက ကျန်းမာရေးပြန်ကောင်းလာတော့ မာမီလည်း ဒီနည်းလမ်းအပြင်မရှိတော့ဘူးလေ'