ဒီနေ့က ကျွန်တော့်အတွက်တော့ သာမန်ထက် ပိုထူးခြားတဲ့နေ့တစ်နေ့ပါပဲ။ ယောက်ဖလို့လည်း မမည်တဲ့ ဟိုအရှုပ်ထုပ်လေး အိမ်ပေါ်ရောက်လာမယ့်နေ့ဆိုတော့ သူ့အတွက် အခန်းကအစ အစစ အရာရာ ကြိုတင်ပြင်ဆင်ပေးရတယ်။ တစ်ယောက်တည်းနေတဲ့ ကျွန်တော့်အဖို့ အရင်က ကြုံသလို စားသောက်လို့ရပေမယ့် အခု ကိုယ့်ကိုအားကိုးပြီးလာနေတဲ့ ဒီကောင်လေးအတွက်ပါ ထည့်စဉ်းစားပေးရတော့မယ်။'မင်းအိပ်ခန်းက ဒီအခန်းပဲ ၊ အရင်က ဘာမှမလုပ်ဘဲ ပစ်ထားလို့ ဖုန်တွေတက်နေတာ ၊ မင်းလာနေမယ်ဆိုမှ ကိုယ်ရှင်းထားပေးတာ'
'ကျေးဇူးပဲ ၊ ခင်ဗျားအခန်းကကော '
'မင်းအခန်း ရှေ့တည့်တည့်က ကိုယ့်အခန်းပဲ၊ အခုက ညနေလည်းစောင်းနေပြီဆိုတော့ ညစာကို ကိုယ်တို့ အပြင်ထွက်စားလို့ အဆင်ပြေမလား၊ မင်းက အခုမှရောက်လို့ နားချင်ရင်တော့ ဒီကိုပဲ Deli နဲ့မှာလိုက်မယ်'
'ရတယ် ကျွန်တော် အဆင်ပြေတယ် အပြင်မှာသွားစားကြမယ်၊ ဒါနဲ့ ခင်ဗျား ရုံးမသွားဘူးလား ဒီနေ့'
'မင်းလာမယ်ဆိုလို့ ကိုယ်ဒီနေ့ခွင့်ယူထားတာ'
'အင်းပေါ့ ၊ Park Group ရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူက အလုပ်မသွားလည်း ဘာအရေးလဲ'
'ဟေ့ ကိုယ်က အဲ့လိုလူမျိုးမဟုတ်ဘူး၊ အမှန်ပြောရရင် မင်းအစ်မနဲ့ Dateရင်တောင် ကိုယ်က ကိုယ့်အလုပ်ကို အပြတ်ခံတာမဟုတ်ဘူး ၊ တစ်ခါမှလည်း ခွင့်မယူရသေးဘူး'
ထိုစကားကိုကြားတော့ ဂျောင်ဟွမ်စိတ်ထဲက အနည်းငယ်ကျေနပ်သွားတယ်
ကျွန်တော့်ကြောင့် ပထမဆုံးအလုပ်ဖျက်ရတယ်ပေါ့ ပတ်ဂျောင်ဝူ၊ ဒါကအစပဲရှိသေးတယ် ၊ နောက်ဆို ဟိုမိန်းမနဲ့ပါ ပြတ်သွားအောင် လုပ်ပေးမှာမို့ စောင့်ကြည့်နေလိုက်ပါ ၊ ခင်ဗျားနှလုံးသားကို လုံခြုံအောင် သိမ်းထားပေတော့
.............................................................................
အပြင်ထွက်ဖို့ ဂျောင်ဟွမ်လည်း ပေါ့ပေါ့ပါးပါးဖြစ်အောင် အပေါ်က over size T-shirt အဝါလေးနဲ့ အောက်က pant အတိုလေးကို ဝတ်ထားလိုက်တယ်၊ ခြေသလုံးဖြူဖြူဖွေးဖွေးလေးတွေက မြင်သူတိုင်းကို အသားယားစေပြီး ၂ခါပြန်ငေးကြည့်မိအောင် ဆွဲဆောင်နိုင်တာ အသေအချာပါပဲ