'ဒယ်ဒီ သမီးပြောစရာရှိလို့ပါ'
'ဘာပြောမို့လဲ သမီး'
'မောင်လေးကိုလေ သူ့Uniနဲ့နီးတဲ့နေရာမှာ အခန်းတစ်ခုခုဝယ်ပေးလိုက်ပါလားဟင် ၊ သူအခုလို ကိုကိုနဲ့အတူတူနေရတော့ သူအနေကြပ်မှာဆိုးလို့ပါ'
'အဲ့ဒါတော့ စိတ်မပူနဲ့သမီး၊ သားက ဒယ်ဒီကို မကြာခဏဖုန်းဆက်တယ် သူအဆင်ပြေတယ်တဲ့ ၊ ဒယ်ဒီကတော့ ဂျောင်ဝူနဲ့သွားနေတာကို သဘောတူတယ်၊ မဟုတ်ရင် အဲ့ကောင်လေးစရိုက်နဲ့ဆို ပြဿနာရှာလွန်းလို့ လိုက်ရှင်းနေရမှာ မနည်းဘူး၊ အခုလိုဂျောင်ဝူရဲ့ ကြည့်ရှုမှုအောက်မှာရှိနေတော့ ဆိုးချင်တိုင်းဆိုးမရတော့ဘူး'
'ဟုတ် နားလည်ပါပြီ ဒယ်ဒီ'
ဂျူယောင်းလည်း သူ့အကြံ မအောင်မြင်တော့ စိတ်ပျက်သွားတယ်
ဂျူယောင်း pov: ကောင်စုတ်လေး နင့်ကို ကိုကို့ဘေးကနေ ဘယ်လိုပထုတ်ရပါ့မလဲ
'မာမီ ဒယ်ဒီက သမီးပြောတာကို သဘောမတူဘူး၊ ဘာဆက်လုပ်ရမလဲ'
'မာမီပြောမယ် ဒီနေ့ ဂျောင်ဝူရုံးကို လိုက်သွား၊ ရှင်းရှင်းပြောရရင် သမီးက သူ့ရဲ့သတို့သမီးလောင်းဆိုတာ သူ့ပတ်ဝန်းကျင်ကသူတွေ သိနေရမယ်၊ ဒါမှ ကိုယ်ကျင့်တရားစောင့်ထိန်းတတ်တဲ့ သမီးရဲ့ကိုကိုက သမီးကို လက်ထပ်ဖို့မလွန်ဆန်ရဲမှာ'
'ဟုတ် မာမီ အခုပဲ သွားဖို့ပြင်လိုက်တော့မယ်'
.............................................................................
'Boss , boss နဲ့တွေ့ဖို့ ဧည့်သည်ရောက်နေပါတယ်'
'ဘယ်သူလဲ'
'ဂျူယောင်းလို့ပြောတယ် Boss'
'ဝင်ခွင့်ပေးလိုက်'
ဂျောင်ဝူလည်း တစ်ခါမှရုံးကိုလိုက်မလာဖူးတဲ့ သူ့ကောင်မလေးက အခုလာတော့ ကိစ္စတစ်ခုခုရှိလို့ပဲ ထင်လိုက်တယ်
'ကိုကို မာမီကလေ ကိုကို့အတွက်ဆိုပြီး ဂျင်ဆင်းကြက်ပေါင်းလေးလုပ်ပေးလိုက်တယ်၊ ကိုကိုက အလုပ်ပဲဖိလုပ်နေတော့ အားပျက်နေမှာဆိုးလို့တဲ့'
'ဘေဘီ့ မာမီကို ပြောလိုက်ပါ အခုလို ဂရုစိုက်ပေးတာ ကိုယ်တကယ်ကျေးဇူးတင်ပါတယ်လို့'