ဒီနေ့ ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေတယ် ။ ကိုကိုက မိဘတွေနဲ့ မိတ်ဆက်ပေးမယ်လို့ပြောတော့ စိတ်လည်းပူမိတယ်။ ကျွန်တော့်လို ကောင်လေးတစ်ယောက်နဲ့ ကိုကို့မိဘတွေက သဘောမတူဘူးပြောရင်ဘယ်လိုလုပ်ရပါ့မလဲ ။
'ကိုယ်တို့ အဆင်သင့်ဖြစ်ရင် သွားကြမယ်လေ'
'ဟို ... ကျွန်တော်ပြောစရာရှိတယ် ကိုကို'
'ပြောစေဗျာ ကိုယ်နားထောင်ပေးမယ်'
'တကယ်တော့ ကိုကို့ဆီကို ရည်ရွယ်ချက်နဲ့ချဉ်းကပ်ခဲ့မိတာပါ၊ အဲ့တုန်းက မမတို့သားအမိကိုလက်စားချေချင်တဲ့စိတ်နဲ့ ကိုကို့အပေါ်ချစ်ဟန်ဆောင်ခဲ့မိပါတယ်'
'...........'
'သိပါတယ် ကျွန်တော့်အပြစ်က ခွင့်လွှတ်လို့မရမှန်း ၊ ကိုကိုကျွန်တော့်ကို လက်မခံနိုင်ရင် အခုအချိန်မှီပါသေးတယ် ကိုကို ကျွန်တော့်ကိုထားခဲ့လို့ရပါတယ်'
'အင်း ကိုယ်လက်မခံဘူး'
ဂျောင်ဟွမ်လည်း ဂျောင်ဝူဆီက ထိုစကားကို ကြားလိုက်ရတော့ ဝမ်းနည်းပြီး ဂျောင်ဝူရှေ့မှာ မငိုမိအောင် ထိန်းထားပေမယ့် မျက်ရည်တွေက သူ့အလိုလိုကျလာတာမို့ မျက်နှာကို လက်နှစ်ဖက်နဲ့အုပ်လိုက်တယ်
'အဟင့် အဟင့် အဟင့်'
ငိုနေရင်းနဲ့ ရှိုက်သံလေးတွေ ထွက်လာတာမို့ ဂျောင်ဝူလည်းဆက်မကြည့်နိုင်တော့ပဲ ထိုကလေးကို ရင်ခွင်ထဲဆွဲသွင်းလိုက်တယ်
'ဘာလို့ငိုနေတာလဲကွာ ၊ ကိုယ့်ကလေးလေးငိုတာမြင်ရင် ကိုယ့်ရင်ကို ဓားနဲ့ အစိမ်းလိုက် ခွဲလိုက်သလိုပဲဆိုတာ မသိဘူးလား'
'ကိုကိုက ကျွန်တော့်ကို လက်မခံနိုင်ဘူးပြောတော့ ငိုမိတာပေါ့😭'
'ကိုယ်ပြောတဲ့စကားမဆုံးသေးဘူးလေ၊ ကိုယ်လက်မခံဘူးဆိုတာ မင်းကိုကိုယ်က ထားခဲ့ရမယ်ဆိုတာကို လက်မခံဘူးပြောတာ'
'ဒါဆို ကိုကိုက စိတ်မဆိုးဘူးလား'
'တကယ်တော့ ကိုယ် အဲ့ကိစ္စကိုသိတာကြာနေပြီ'
'ဘယ်ကတည်းကလဲ'
'မင်း ကိုယ့်အိမ်ကိုပြောင်းလာတဲ့နေ့ကတည်းက ကိုယ်ခန့်မှန်းမိပြီးသားပါ'