ဂျောင်ဟွမ်ရဲ့ တက္ကသိုလ်ကျောင်းသားဘဝကတော့ ရိုးရှင်းပါတယ် ၊ ကျောင်းလာလိုက် စာသင်လိုက် ပြီးရင် အိမ်ပြန်လိုက်နဲ့ပါပဲ၊ နဂိုကမှ စကားနည်းတဲ့ သူ့အတွက် သူငယ်ချင်းဆိုလို့ အလယ်တန်းကတည်းက ပုခုံးဖက်ပေါင်းလာတဲ့ ဟန်ဘင်းတစ်ယောက်သာရှိတယ်'စာတွေကလည်းနော် တီချယ် သင်တုန်းက နားလည်တယ် ကိုယ့်ဘာသာလည်းပြန်ကြည့်ကော ဘာတွေမှန်းကိုမသိတော့ဘူး'
'မင်းကစာမှမလုပ်တာ အားနေရင် ဖွန်ကြောင်နေတာကို ငနာရဲ့'
'ဖွန်ကြောင်တာတောင် ကြောင်ချင်တိုင်းကြောင်လို့မရဘူး ငါ့လို လူလွတ်မှ ရတာ၊ မင်းလို ဘဲကြီးရှိတဲ့သူကတော့ ဘဲမျက်နှာ တစ်ကမ္ဘာမှတ်ပြီး ကိုကို သရဏံ ဂစ္ဆာမိလုပ်နေတာလေ'
'ခွေးကောင် ၊ တိုးတိုးပြော စာကြည့်တိုက်လာပြီး အသံကျယ်မနေနဲ့'
'အံမယ် ငါ့သာတိုးတိုးပြော ပြောနေတာ မင်းရုပ်ကြီးက ကျေနပ်နေတဲ့ရုပ်ကြီးနဲ့'
'မင်းတော့ အထိုးခံချင်လို့လား'
'ငါတော့အထိုးမခံချင်ပါဘူး ၊ မင်းဘာသာထိုးချင်ရင် မင်းဘဲကြီးရဲ့ပါးကို မင်းရဲ့ဘဲနှုတ်သီးလိုချွန်ထွက်နေတဲ့နှုတ်ခမ်းနဲ့ သွားထိုးလိုက်'
'ချီးပဲ မင်းက ပြောလေဆိုးလေး ၊ တော်ပြီ မင်းဘာသာမင်းပဲနေခဲ့တော့ ၊ ငါသွားတော့မယ်'
'စတာ စတာ ပြန်ထိုင် ၊ ငါအတည်မေးစရာရှိလို့'
'ပြော ဘာမေးမှာလဲ၊ ပေါက်ကရတော့ မေးမယ်မကြံနဲ့နော် '
' တကယ်အတည်မေးမယ်နော် ၊ မင်းမလိမ်နဲ့'
'အော် မေးပါဆို ငနာရယ် ငါစိတ်မရှည်တော့ဘူး'
'မင်း အဲ့ဘဲကို နည်းနည်းလေးမှ မကြွေဘူးလား၊ ငါပြောချင်တာကကွာ မင်းဒီလောက် သူနဲ့အနေနီးနေတာ သူ့ကို မချစ်မိဘူးလား'
ဂျောင်ဟွမ်လည်း ထိုမေးခွန်းကို ကြားတော့ ဘာဖြေရမှန်းမသိဖြစ်သွားတယ်၊ တကယ်ဆို ဒီရက်ပိုင်း သူလည်း သူ့စိတ်သူနားမလည်တော့ဘူး ၊ ဘာလို့ ပတ်ဂျောင်ဝူဘေးမှာ ရှိနေရင် သူ့အတွက်လုံခြုံသလို ခံစားနေရတာလဲ