ဂျောင်ဝူတစ်ယောက် ကုမ္ပဏီမှာ အစည်းအဝေးပြီးလို့ သူ့ဖုန်းကို တစ်ချက်ကြည့်လိုက်တော့ သူ့ကလေးလေးဆီက message တစ်စောင်ရောက်နေလေရဲ့'ကိုကို ဒီနေ့ည ဟန်ဘင်းရဲ့ မွေးနေ့ရှိလို့ အိမ်ပြန်နောက်ကျမယ် ၊ အဲ့ဒါ ဟန်ဘင်းအိမ်ကို ည8နာရီလောက်မှ လာကြိုပေးပါ ချစ်တယ် 😍'
ဂျောင်ဝူပြုံးလိုက်မိတယ် ဂျောင်ဟွမ်က အရင်က ခပ်ဆိုးဆိုးလေးပေမယ့် သူနဲ့ ချစ်သူဖြစ်ပြီးကတည်းက ဘာလုပ်မယ် ဘယ်သူနဲ့သွားမယ်ဆိုတာကအစ ဂျောင်ဝူကို အစီရင်ခံတတ်တဲ့ ဒီကလေးလေးကို အချစ်ပိုရပြန်တယ် ၊ ဂျောင်ဝူကိုယ်တိုင်လည်း သူချစ်ရတဲ့ကလေးလေးရဲ့ အပေါင်းအသင်းတွေကအစ သိထားသင့်တာမို့ ကလေးရဲ့ သူငယ်ချင်းအရင်းဖြစ်တဲ့ ဟန်ဘင်းနဲ့တော့ မကြာခဏဆုံလေ့ရှိတယ်
'ဂျောင်ဝူရာ ၊ ခုနက မင်းmeeting ထိုင်နေတုန်း ဂျူယောင်းငါ့ကိုဖုန်းဆက်တယ် ၊ မင်းပြီးရင် သူ့ကိုဖုန်းပြန်ဆက်ပေးပါတဲ့'
'ဘာကိစ္စလဲ မသိဘူး'
'မင်းတို့ကြား မပြီးပြတ်သေးတာရှိလို့လား'
'ငါ့ဘက်ကတော့မရှိတော့ပေမယ့် သူက ဘာပြောစရာကျန်သေးလို့လဲမသိဘူး'
'ဘာပဲဖြစ်ဖြစ် မင်းပြန်ဆက်ကြည့်လိုက်ပါ ဘာကိစ္စလဲ သိရတာပေါ့'
'အင်း ငါ အခုပဲ ဆက်လိုက်မယ်'
ဂျောင်ဝူလည်း ချက်ချင်းပဲ ဂျူယောင်းရဲ့ ဖုန်းနံပါတ်ကို နှိပ်လိုက်တယ်
'ဟယ်လို ဂျူယောင်း ၊ နင်ဖုန်းခေါ်ထားတယ်ဆိုလို့ ပြန်ဆက်လိုက်တာ '
ဂျောင်ဝူလည်း တစ်ဖက်က ပြောတာကို သဘောတူလိုက်တယ်
'အင်း ငါ လခဲ့မယ်၊ အဲ့ဒါဆို အဲ့မှာတွေ့မယ် ဒါပဲနော် '
ဂျောင်ဝူ ဖုန်းပြောပြီးနောက် ဟာရုတိုက အကြောင်းအရာကိုသိချင်လို့ မေးလိုက်တယ်
'ဘာတဲ့လဲ'
'ဟိုနေ့က ရုတ်တရတ်ဆိုတော့ သူအရမ်းဒေါသထွက်ပြီး ပြောလိုက်မိတာတွေ အတွက် တောင်းပန်တယ်တဲ့ ၊ ပြီးတော့ ငါတို့ရဲ့ အဆုံးသတ်ကို ဒီလိုနာကျည်းချက်တွေနဲ့ အဆုံးမသတ်ချင်လို့ ဖြစ်နိုင်ရင် ဒီနေ့ည 7နာရီ T-5 Barမှာ တွေ့ဖို့ချိန်းတာ ၊ အနည်းဆုံးတော့ သူ့ကို သူငယ်ချင်းအဖြစ် သတ်မှတ်သေးရင် ငါ့ကို လာတွေ့ပါတဲ့'