ဂျောင်ဟွမ် တစ်ခန်းဝင်တစ်ခန်းထွက် လိုက်ရှာပေမယ့် ဂျောင်ဝူကို မတွေ့တာမို့ ထိုင်သာငိုချင်သွားတယ်။ ဒါပေမယ့် ဟိုမိန်းမရဲ့အကြံအစည်လည်း မအောင်မြင်သွားလို့ ဝမ်းသာမိပြန်တယ်
'ငါအခန်းတိုင်းကို လိုက်ရှာကြည့်ပြီးပြီ ကိုကို့ကို မတွေ့ဘူး၊ဖုန်းကလည်း အခုထိဆက်လို့မရဘူး'
'ဒါဆို အစ်ကိုဂျောင်ဝူက ဟိုမိန်းမနဲ့ အတူတူရှိနေတာမဟုတ်ဘူးပေါ့'
'ငါလည်းနားမလည်တော့ဘူး ၊ အခုအရေးကြီးတာက ကိုကို့ကို ရှာတွေ့ဖို့ပဲ'
ထိုအချိန်ဟန်ဘင်းဆီကို ဖုန်းတစ်callဝင်လာသည်
'....................'
'ဟုတ် ကျေးဇူးပါဗျာ ကျွန်တော်တို့ အခုပဲ လာခဲ့လိုက်မယ်'
'ဂျောင်ဟွမ် ၊ မင်းကိုကိုကို Barက car parking ရဲ့cctvထဲမှာတွေ့လိုက်တယ်တဲ့''ဒါဆိုကိုကိုက အခု အဲ့မှာရှိနေတာပေါ့'
'အေး'
......................................................................
ကျွန်တော်လက်ရှိဖြစ်နေတဲ့ပြဿနာကိုနားမလည်နိုင်တော့ဘူး။ ဂျူယောင်းရဲ့ စကားကို အယုံလွယ်မိတာကိုက ကျွန်တော့်အမှားပါ။ ကျွန်တော့်ရဲ့ အားနာတတ်တဲ့စိတ်ကြောင့် သူထည့်ပေးတဲ့ ဝိုင်တွေကို 3ခွက်လောက်ထိသောက်လိုက်မိတာပင်။ အရင်က beerပြင်းပြင်းသောက်ရင်တောင် တော်ရုံမမူးတတ်တဲ့ ကျွန်တော်က ဝိုင်လေး3ခွက် မော့ပြီးတာနဲ့ လူက ပုံမှန်မဟုတ်တော့ဘဲ ပထမဆုံးမူးဝေလာတာ ခံစားမိတယ်။ ပြီးတော့ ကျွန်တော် မှတ်မိသသောက် ဂင်ဂျူယောင်းနဲ့ တစ်ခြားကောင်လေးတစ်ယောက်က ကျွန်တော့်ကို တစ်နေရာရာကိုခေါ်သွားခဲ့တယ်။ အသိစိတ်က ကပ်လိုက်လွတ်လိုက်ဖြစ်နေပြီး ကျွန်တော်သတိရတဲ့အချိန်မှာ ကျွန်တော်က အခန်းတစ်ခုထဲမှာ ရည်းစားဟောင်းနဲ့ အတူတူရှိနေတယ်
'ငါဘာလို့ဒီကိုရောက်နေတာလဲ'
'ကိုကို့ကို ဘေဘီနဲ့ အတူတူရှိစေချင်လို့လေ'
'ဘာလို့ငါ့ကို အဲ့လိုခေါ်ရတာလဲ ဂျူယောင်း၊ ငါတို့ဇာတ်လမ်းကပြီးသွားပြီလေ'