Part-6

22 3 0
                                    


ကိစ္စတွေအားလုံးဖြစ်ပျက်ပြီးတဲ့နောက် ဂျောင်ဝူက အလုပ်ကို တစ်ပတ်ခွင့်ယူထားပြီး ဂျောင်ဟွမ်ရဲ့လက်ကို သေချာဂရုစိုက်ပေးနေတယ်

'တော်ပြီ အဲ့ဆေးမထည့်ချင်ဘူး အရမ်းစပ်တယ်'

'ဒါက ပိုးသတ်ဆေးလေ မထည့်ရင် လက်ကဒဏ်ရာပိုဆိုးသွားမှာပေါ့'

'ဆိုးပစ်စေ မထည့်ဘူးဆို မထည့်ဘူးပဲ'

'အဲ့ဒါဆို လက်က ပုပ်ပြီး ဖြတ်ပစ်ရရင် ဘယ်လိုလုပ်မလဲ'

'ခင်ဗျားနော် သူ့လက်မဟုတ်တိုင်း ..... ဖက် ဖက် လွဲပါစေ ချော်ပါစေ'

'အဲ့ဒါကြောင့် ကိုယ်က ဆေးထည့်ပေးမယ်ပြောတာလေ၊ အရမ်းစပ်နေရင် ကိုယ်ကို ကိုက်လိုက်'

'တကယ်ကိုက်ပစ်မှာနော်'

'ကိုက်စေဗျာ ၊ မင်းလက်ပေး အရက်ပြန်ထည့်မယ်'

ဂျောင်ဟွမ်လည်း ဂျောင်ဝူက သူ့လက်ဒက်ရာကို အရက်ပြန်ထည့်နေတုန်း နာတာသက်သာအောင် ဂျောင်ဝူရဲ့ ပုခုံးကို ကိုက်ပစ်လိုက်တယ်

'ခွေးလေးလား မင်းက ၊ ကိုက်လိုက်တာ ကိုယ့် ပုခုံးကို အကွင်းရာကြီးဖြစ်သွားပြီ ဘယ်ကတည်းက ကိုက်ချင်နေတာလဲ'

'အရင်တည်းက ခင်ဗျာရဲ့ ပုခုံးကိုကြည့်မရနေတာလေ ၊ ယောကျာ်းချင်းအတူတူတောင် သူ့ပုခုံးကတော့ အကျယ်ကြီးပဲ  😏'

'ဟား ဟား မင်းအဲ့လို ဆူပုပ်ပုပ်လေးဖြစ်နေရင် တကယ်ချစ်ဖို့ကောင်းတာပဲ'

တကယ်တော့ ဆေးထည့်တာ အဲ့လောက်မစပ်ပါဘူး ခင်ဗျား ကျွန်တော့်အပေါ် ဘယ်လောက် သည်းခံနိုင်လဲဆိုတာ သိချင်လို့ စမ်းသပ်ကြည့်ရုံသပ်သပ်ပါ ။  ခင်ဗျာ အဲ့လိုဂရုစိုက်လေ ကျွန်တော်က ဟိုမိန်းမလက်ထဲ ခင်ဗျာကို အပါမခံနိုင်လေဖြစ်နေပြီ ပတ်ဂျောင်ဝူရယ်။

............................................................................

'ငါစုံစမ်းခိုင်းထားတဲ့ ကိစ္စသိရပြီလား'

'ဒီမှာပါဘော့စ် အဲ့ဒီနေ့က cctv record တွေ ကျွန်တော်ယူထားပါတယ် '

'ကောင်းပြီ အဲ့ဒါတွေထားခဲ့ ၊ မင်းလုပ်စရာရှိတာသွားလုပ်'

Just For My Revenge Where stories live. Discover now