လွန်ခဲ့သော2နှစ်
'လူနာရဲ့ ကျန်းမာရေးအခြေနေကတော်တော်ကို ကောင်းမွန်လာပါပြီ သိပ်ပြီးစိုးရိမ်စရာမရှိတော့ဘူး'
'ကျေးဇူးပါ ဒေါက်တာ၊ အခုလို ကျွန်တော်မိန်းမကို စိတ်ရှည်ရှည်နဲ့ကုသပေးလို့'
'ရပါတယ် ဒါကျွန်တော်တို့ ဆရာဝန်တွေရဲ့တာဝန်ပါ ၊ မိသားစုကတော့ ဖြစ်နိုင်ရင် လူနာကိုစိတ်ချမ်းသားအောင်ထားပေးပါ၊ နှလုံးရောဂါဆိုတာမျိုးက အခုကောင်းနေပေမယ့် ချက်ချင်းပြန်ထဖောက်တတ်တာမို့ ဂရုစိုက်ဖို့လိုတယ်'
'ဟုတ်ကဲ့ နားလည်ပါတယ် ဒေါတ်တာ'
ဆိုပါပါးလည်း ဒေါက်တာကို သူ့ရဲ့driver နဲ့ပြန်ပို့ပေးလိုက်တယ်
'ကိုယ် သားသားကော မတွေ့ပါလား'
'မင်းရဲ့သားတော်မောင်က ဒီနေ့ကျောင်းမှာအချိန်ပိုရှိလို့ နောက်ကျနေတာ၊ ခဏနေရင်တော့ ပြန်ရောက်တော့မှာ'
'ကျွန်မလေ ရှင်ရယ် သားရယ်နဲ့ ဘဝကို အကြာကြီးနေသွားချင်တော့တာပဲ'
'အခုပဲ ဒေါက်တာပြောသွားတယ်လေကွာ မင်းကျန်းမာရေးက 80ရာခိုင်နှုန်းလောက်ပြန်ကောင်းလာပြီပဲကို ၊ ကိုယ်တို့မိသားစု3ယောက် တစ်သတ်လုံးပျော်ပျော်ရွှင်ရွှင်နေသွားကြမယ် ၊ ဒါကြောင့် စိတ်ညစ်စရာတွေမတွေးနဲ့'
'မာမားးးးး'
'ဟော လာပါပြီ ဟိုမှာ အချွဲစိန်လေး'
'သားက မာမားကို အများကြီးလွမ်းနေတာ'
ဂျောင်ဟွမ်လည်းပြောရင်း သူ့မာမားဘေးမှာဝင်လှဲလိုက်ပြီး ရင်ခွင်ထဲဝင်ကာဖက်ထားလေရဲ့
'ကဲ ကိုယ်တော်လေး ကျောင်းလေးခဏသွားတာကို အလွမ်းသယ်လို့မပြီးဘူး၊ ပြောပါဦး မင်းမာမားကိုပဲလွမ်းတာလား၊ ပါပါးကိုကော မလွမ်းဘူးလား'
'ကိုယ်ကလည်း ကလေးကိုစနေပြန်ပြီ'
'ပါပါးက သားတို့သားအမိကိုမနာလိုနေတာမာမားရေ၊ သားက မာမားဘေးမှာအမြဲရှိနေတော့ ပါပါးက သူကပ်လို့မရလို့လေ'
'ဟား ဟား ဟုတ်ပါပြီ သားအမိတွေ လိုက်လည်းလိုက်ပါ့ ၊ အမူအကျင့်ကအစ '