ပတ်ဂျောင်ဝူတစ်ယောက် သူ့ရှေ့က ကောင်လေးကို ပထမဆုံးတွေ့လိုက်ရတော့ ရုတ်တရတ်အံ့ဩမိတယ်
အသားအရေက ဖြူဝင်းပြီး မျက်လုံးဝိုင်းလေးတွေနဲ့ ပြန်ကြည့်နေတဲ့ ဒီကောင်လေးက သူ့အစ်မနဲ့ နည်းနည်းမှမတူဘဲ တမူထူးခြားနေတယ်။'ဂျောင်ဟွမ်ကြည့်ရတာ ကိုယ့်ထက် တော်တော်ငယ်မယ်ထင်တယ် ၊ ကျောင်းကောပြီးပြီလား'
'အထက်တန်းပြီးပြီ၊ အသက်၂၀'
'ကိုယ့်ထက် 5နှစ်ငယ်တာပဲ ၊ ကိုယ့်ကို မင်းအစ်ကိုတစ်ယောက်လို သဘောထားလို့ရပါတယ်'
' မထားနိုင်ပါဘူး ခင်ဗျားက ကျွန်တော့်အစ်ကိုမှမဟုတ်တာ'
'ဟေ့ကောင်လေး ကိုယ့်ထက်အကြီးကိုဘယ်လိုပြောနေတာလဲ မင်းအစ်မနဲ့ယူမှတော့ မင်းအစ်ကိုပေါ့'
'သားမှာ အစ်မမှမရှိတာ သားက တစ်ဦးတည်းသောသား၊ ဆိုမျိုးရိုးမှာ ဒီသားတစ်ယောက်ပဲရှိတယ်၊ ကျန်တာ အတုအယောင်တွေ'
'ဟို ... စကားနောက်မှပြောပြီး ညစာစားကြရအောင်ပါ ၊ ထမင်းခူးထားတာတွေ အေးကုန်မယ်'
မိထွေးလည်း ပြဿနာမကြီးအောင် စကားကိုဖြတ်ပြောလိုက်တယ်
'ကိုကို ဒီမှာ ကိုကိုကြိုက်တဲ့ ဝက်ချိုချဉ်ကြော်လေး၊ ဘေဘီကိုယ်တိုင်အပင်ပန်းခံပြီး ချက်ထားတာလေ ၊ကောင်းရဲ့လား မြည်းကြည့်ပါဦး'
ဂျောင်ဟွမ်လည်း အပိုလုပ်နေတာတွေကို ကြည့်မရတာနဲ့ အဲ့ဟင်းပန်ကန်တစ်ခုလုံးကို သူ့ထမင်းပန်းကန်ထဲလောင်းထည့်လိုက်တယ်
'ကောင်းတယ်နော် အရမ်းကောင်းတာပဲ လက်ရာက မသိရင် ဆိုင်ကဝယ်ထားတဲ့အတိုင်းပဲ'
မိထွေးသားအမိလည်း ဂျောင်ဟွမ်က တမင်လုပ်မှန်းသိတော့ စိတ်ထဲမှာမကျေနပ်နေပေမယ့် ဂျောင်ဝူရှေ့မှာ သဘောထားကြီးသလိုဟန်ဆောင်ပြီး သည်းခံနေကြတယ်
'ဘာလို့အကုန်စားလိုက်တာလဲ ဧည့်သည်ကိုအားနာဦးလေ ပါပါးဘာပြောထားလဲ'
'ပါပါးကလည်း ဟင်းက အရမ်းစာကောင်းလို့ပါဆို၊ ဟို... ဧည့်သည် ခင်ဗျား တခြားဟင်းနဲ့စားလိုက်တာ'