Unicode....
Xiao Group ၏အဆောက်အအုံအမြင့်ဆုံးအထပ်ရုံးခန်းတစ်ခုထဲတွင် ရုံးတက်အဝတ်အစားကိုသပ်သပ်ရပ်ရပ်ဝတ်ထားသည့်အမျိုးသားက ခေါင်းငုံ့ကာလက်မှတ်ထိုးနေပြီး စာရင်းဇယားများကိုကြည့်ရှုနေသည်။
ရှောင်းကျန့် လက်အောက်ကဌာန၏လုပ်ဆောင်မှုကိုမကျေနပ်သောကြောင့် အစည်းအဝေးခေါ်ဖို့လက်ထောက်လေးကိုပြောလိုက်တယ်။
" သူတို့အလုပ်ကိုကောင်းကောင်းတောင်မလုပ်နိုင်ကြဘူးလား.. အစည်းအဝေးခေါ်လိုက် "
" ဟုတ်ကဲ့ပါ သခင်လေး"
လက်ထောက်ထွက်သွားပြီးတာနဲ့ရှောင်းကျန့်ကိုက်ခဲနေတယ့်မျက်ရိုးကိုဖိနှိပ်နေပြီး အလုပ်ကောင်းကောင်းမလုပ်ကြတယ့်ဝန်ထမ်းတွေကို ပြစ်ဒဏ်ပေးရအုံးမည်။
ပေးထားသည့်လစာနဲ့တန်အောင် အလုပ်ကိုကောင်းကောင်းလုပ်ရမှာပေါ့။
ရှောင်းကျန့် အစည်းအဝေးခန်းမထဲကိုရောက်တော့ ခေါင်းငုံ့ကာအပစ်ရှိသလိုပြုမူနေကြတော့ငယ်သားတွေကိုတွေ့လိုက်ရတယ်။
ရှောင်းကျန့် အစီရင်ခံစာကိုဌာနခေါင်းဆောင်ရှေ့ပစ်ချပေးကာ..
" ခေါင်းဆောင်ဖုန်း ငါမရှိတယ့်အတောအတွင်းလုပ်ရည်ကိုင်ရည်တွေကျဆင်းကုန်တာလား..နောင်တစ်ခါဆိုရက် အထုပ်ဆွဲပြီးထွက်သွားဖို့သာပြင်ထားတော့"
ခေါင်းဆောင်ဖုန်းဆိုသူမှာ သူအမှားသူသိစွာ ရှောင်းကျန့်ပြောလာသည်ကို နာခံနေသည်။
နိုင်ငံခြားကနေပြန်လာပြီးနောက်ပိုင်း ရှောင်းကျန့်ဒေါသပိုကြီးလာသည်မို့သူတို့အနေဖြင့်ဘာမှအထွန့်မတက်ရဲ။
အစည်းအဝေးခန်းထဲတွင်နာရီဝက်လောက်အဆူခံရပြီးနောက် ခေါင်းဆောင်ဖုန်းနဲ့လက်အောက်ဝန်ထမ်းများ နှစ်တစ်ရာလောက်ပင်ပန်းဆင်းရဲခံလိုက်ရလိုနွမ်းလျစွာဖြင့်အခန်းထဲကနေ ထွက်လာခဲ့ကြတယ်။
ဒီရက်ပိုင်း ချိန်ကိုက်ဗုံးတစ်ခုလိုဖြစ်နေတယ့်သူတို့ အထက်လူကြီးကြောင့်အသက်ပင်ဖြောင့်ဖြောင့်မရှုရဲတော့။
ရှောင်းကျန့် မွန်းကျပ်လို့နက်ကတိုင်ကိုလျှော့လိုက်ကာ ရုံးခန်းထဲကဆိုဖာပေါ်ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။