11

282 11 0
                                    

unicode..

ဝမ်ရိပေါ်ပြန်သွားပြီးနောက် ရှောင်းကျန့်လည်း အိပ်ခန်းကနေထွက်လာခဲ့တယ်။
လော့ခ်ချထားမှန်း ဝမ်ရိပေါ်လည်းသိပါတယ်ထင်ရဲ့ ဇွတ်ကြီးအခန်းထဲကိုလိုက်မလာတော့။

ရှောင်းကျန့် စိတ်ထဲ ဆုံးရှူံးသလိုခံစားသွားရကာ မီးဖိုချောင်စီကို ခြေလှမ်းများလှမ်းလိုက်သည်။
စားပွဲခုံပေါ်တင်ထားသည့် အပန်းရောင်ဗူးများက ခြောက်သွေ့နေခဲ့ပြီ။
ရှောင်းကျန့် စိတ်ထဲကအလိုမကျမူကပျောက်သွားကာ ဖူးယောင်နေသည့်နူတ်ခမ်းများက ကော့ညွှတ်သွားသည်။
ဒီဘာမှမဟုတ်တယ့်ပစ္စည်းလေးတွေက ရှောင်းကျန့်အတွက်တော့ သူစိမ်းစီကရခဲ့တယ့်ဂရုစိုက်မူသက်သေလေးပင်။

ရှောင်းကျန့် ပစ္စည်းများကိုသေချာသိမ်းဆည်းပြီးနောက် ဧည့်ခန်းထဲကဆိုဖာပေါ်တွေ အေးဆေးအနားယူနေသည်။
မျက်နှာချင်းဆိုင်က စာပွဲပေါ် တင်ထားသောဖုန်းကိုသတိရကာ ဝမ်ရိပေါ်ပိတ်ထားခဲ့သောဖုန်းကို ပါဝါပြန်ဖွင့်လိုက်သည်။
ဖုန်းပွင့်လာချင်းချင်း ဝင်လာသောခေါ်ဆိုမူတစ်ခု။ ရှောင်းကျန့်၏ သက်တော့သက်သာအနေအထားမှာတောင့်တင်းသွားပြီး ခေါ်ဆိုမူကိုကိုင်လိုက်သည်။

" ရှောင်းကျန့်! မင်းအိမ်ကိုပြန်လာဖို့ရော ခေါင်းထဲရှိသေးလား မင်း ရှောင်းကျိုးတို့ကိုမတွေ့ချင်ရင်တောင် ဒီဖအေကိုလာတွေ့သင့်တယ် "

" အဖေပြောတာကြားရဲ့လား ဘာလို့ပြန်မဖြေတာလည်း ရှောင်းကျန့် မင်းအဖေ့ကို အခုထိခွင့်မလွှတ်သေးတာကိုနားလည်ပါတယ် ဒါပေမယ့် ဒီကိုပြန်ရောက်လာကြောင်းအဖေ့ကို အကြောင်းသင့်တယ်မဟုတ်လား အခုက ရှောင်းကျိုးက သူ့တက်နေတယ့်ကျောင်းမှာ မင်းကိုတွေ့လို့သာ ငါပြန်ကြားရတာ "

ကျယ်လောင်သည့်အသံက တိတ်ဆိတ်နေတယ့်ဧည့်ခန်းတစ်ခုလုံးကိုဆူညံသွားစေသည်။
လူအိုကြီးပြောလို့ဝသွားမှသာ ရှောင်းကျန့်လည်း ဒေါသထွက်စေသောစကားများကိုတမင်တကာရွှေးကာ ပြန်ပြောလိုက်သည်။

" အဖေ့ရဲ့သိပ်ချစ်လှပါသော ကျိုးကျိုးကိုသာဂရုစိုက်စမ်းပါ ကျွန်တော့်ကိုလာမနှောင့်ယှက်နဲ့"

𝐅𝐎𝐑 𝐎𝐍𝐄 𝐍𝐈𝐆𝐇𝐓 { No.419} Where stories live. Discover now