unicode...
ကျိုးယုလန်....
တရုတ်နိုင်ငံရဲ့ဝန်ကြီးချုပ်တွေထဲက မျိုးဆက်ဖြစ်သူတစ်ဦး၊ အရာရာကိုငွေနဲ့တိုင်းတာသူ ရှောင်းကျန့်ရဲ့အတိတ်ကိုမလှမပဖြစ်စေခဲ့သူ ။
" ရှောင်းကျန့် ကိုယ်တို့မတွေ့တာအတော်ကြာပြီကို နူတ်တောင်မဆက်ချင်တော့တယ့်အထိ စိမ်းကားသွားပြီလား" .
" မင်းပါးစပ်ကနေငါ့နာမည်ကိုကြားရတာ ရွံ့စရာကောင်းတယ် ကျိုးယုလန် "
" လန်ကောလို့မခေါ်ချင်တော့ဘူးပေါ့ "
ကျိုးယုလန် စွေ့ကနဲ့ ရှောင်းကျန့်ဘေးကိုဝင်ထိုင်ကာ မုန်းတီးနေတယ့်မျက်နှာပေးလေးကို ဆွဲလှည့်လိုက်သည်။
မတွေ့ရတယ့်အတောအတွင်း ရှောင်းကျန့်ကပိုလှလာတာ။
အရင်က မျက်လုံးတောက်တောက်လေးတွေနဲ့လိုက်ကြည့်နေတတ်တယ့်ကောင်လေးက အခုတော့ ကျိုးယုလန်ကို မုန်းတီးနေတယ့်မျက်လုံးတွေနဲ့ကြည့်နေပြီ။" ခဗျားလွှတ်! ရွံ့စရာကောင်းအောင်လာမလုပ်နဲ့ ကျိုးယုလန် "
" အရင်ကမင်းပဲ သိပ့်ကြိုက်ခဲ့တာမဟုတ်ဘူးလား ဒီလိုအထိအတွေ့မျိုးကိုလေး "
" ခွမ်း!"
" ကျစ်!"
အားပြင်းတယ့်လက်သီးတစ်ချက်က ကျိုးယုလန်၏မျက်နှာပေါ်ကျရောက်လာသည်။ ကျိုးယုလန် လှောင်ရယ်လိုက်ကာ သွေးထွက်သွားတယ့်နူတ်ခမ်းထောင့်ကို လက်မနဲ့ဖိပွတ်လိုက်ပြီး တရားခံကို ကြည့်လိုက်တယ်။
ကျိုးယုလန် လက်မြောက်ကာ ရှောင်းကျန့်ကော်လံကိုဆွဲကာအနီးကပ်ဆွဲချုပ်လိုက်ပြီး ..
" ရှောင်းကျန့် မင်းကငါ့ကိုထိုးရဲတယ်ပေါ့ သတ္တိတွေဘယ်ကရလာတာလည်း"
" မင်းလိုကောင်ကိုလက်နဲ့တင်မဟုတ်ဘူး ခြေနဲ့ပါဆောင့်ကန်ပစ်ချင်တာ မင်းကြောင့်ငါ့ဘဝတစ်ခုလုံးဖျက်ဆီးလုနီးပါးဖြစ်ခဲ့ရတာ ကျိုးယုလန် "
" မင်း..ဒါက မင်းဘယ်သူနဲ့.."
ကျိုးယုလန် အနီးကပ်မြင်နေရတယ့်ရှောင်းကျန့်လည်ပင်းက အနီရောင်အမှတ်နှင့်သွားရာများကိုတွေ့လိုက်ရတာကြောင့် ရင်ထဲတွေဒေါသအဆပေါင်းများစွာထွက်လာသည်။
ရှောင်းကျန့်က မြူဆွယ်တတ်တယ့်လူဆိုတာကိုသူမေ့သွားတာ။ ဒီကောင်လေးက သူမရှိတယ့်နောက်ပိုင်းအရမ်းကိုသာယာနေခဲ့တာပဲ။