unicode...
Club ထဲကိုဝင်လာသည့် နတ်ဘုရားတမျှချောမောကြသောလူသားသုံးယောက်ကို အားလုံးက မသိတမျိုးသိတမျိုးပေါ်တင်ကြည့်နေကြသေးသည်။
ဘေးကအနည်းငယ်စိတ်ပါပုံမရသည့်လူချောက အဖြူရောင်ဝတ်ထားသည့်လူကိုရင်ခွင်ထဲထည့်ထားကာ မျက်နှာတည်တင်းနေသည်။
ရင်ခွင်ထဲကလူချောလေးကတော့ သံစဥ်နောက်သီချင်းလိုက်ညည်းရင်း အရက်စပ်သည့်ကောင်တာနားရောက်သည့်အထိပင်။ အညိုရောင်ရှပ်ဝတ်ထားသူ ပါဝါမပါသည့်မျက်မှန်တပ်ထားသည့်ဝမ်ယွီဟိုင်အနားကို ကလပ်ထဲစဝင်လာကတည်းက ရဲတင်းတယ့်မိန်းမပျိုများက အနားလာဝဲနေကြပြီ။" ဟေး ကိုလူချောလေး ယူတစ်ယောက်တည်းဆို ဒို့နဲ့ကမလား"
အတော်မိုက်တယ့်ပျိုမဒီတစ်ယောက်က ဝမ်ယွီဟိုင်အနားကပ်လာပြီး ဆွဲဆောင်မူရှိရှိမေးနေသည်။ ဝမ်ယွီဟိုင် ငြင်းချင်ပေမယ့်စိတ်ထဲ ကျန်းယောင်နဲ့ထိုလူနမ်းနေတယ့်ပုံရိပ်ဝင်လာတာမို့ ကောင်မလေးနောက်ကိုလိုက်သွားသည်။
ဘေးမှာထိုင်နေတယ့်ရှောင်းကျန့် က ကံကောင်းပါစေဆိုပြီးလက်မထောင်ပြလိုက်သည်။" ယူရော တစ်ယောက်တည်းဆို ဒို့နဲ့.."
" သူက ကိုယ့်လူမို့ နောက်တစ်ယောက်ရှာလိုက်ပါ"
ရှောင်းကျန့် လက်ထဲကကော့တေးခွက်ကိုလှည့်ရင်း ဝမ်ရိပေါ်အနားကပ်လာသည့်မိန်းကလေးကိုပြောလိုက်သည်။ဝမ်ရိပေါ်က ဘာမှမပြောဟန် မျက်လွှာပင့်ကာ ရှောင်းကျန့်ကိုကြည့်လာသည်။ ကော့တေးခွက်ကိုကိုင်ထားသည့်ဝမ်ရိပေါ်လက်များက လှုပ်သွားပြီး ရှောင်းကျန့်ကိုအနားလာခဲ့ဖို့လက်ညိုးနဲ့ဟန်လုပ်နေသည်။
ရှောင်းကျန့် ဝမ်ရိပေါ်နှင့်အသားချင်းထိသွားသည့်အထိတိုးလာကာ ဝမ်ရိပေါ်နူတ်ခမ်းများကို ဆွဲစုပ်လိုက်သည်။ ခပ်ကြမ်းကြမ်းစုပ်နေသည်မို့ ရပ်ကြည့်နေသည့်မိန်းကလေးကြားသည်အထိ တပြွတ်ပြွတ်နဲ့အသံပင်ထွက်နေသေးသည်။
" ပြွတ်စ်.. "
နောက်ဆုံးအနမ်းလေးပြတ်တောက်သွားတော့ ထိုမိန်ူကလေးလည်းပျောက်သွားပြီ။ ဝမ်ရိပေါ် နူတ်ခမ်းကိုလျှာနဲ့သပ်လိုက်ကာ ရှောင်းကျန့်ကို ပေါင်ပေါ်ဆွဲတင်လိုက်ပြီး အနမ်းကိုပြန်စလိုက်သည်။