unicode...
" ကျန့်ကော ရောက်ပြီ လမ်းလျှောက်နိုင်ရဲ့လား ကိုယ်ချီသွားမယ် "
" ရတယ် ငါလျှောက်နိုင်တယ် "
ကားပေါ်ကဆင်းချင်း ပျာယာခတ်နေသည့်သူမတို့၏သခင်လေးကြောင့် အစေခံများက နူတ်ဆက်ခံနီးပါးစပ်လေးများကိုအလိုက်တသိပိတ်ထားပေးကြသည်။
သူမတို့ သခင်လေးက လူတစ်ယောက်ကိုခေါ်လာခဲ့တယ်။
သခင်လေးမျက်နှာပေါ်ခံစားချက်မျိုးစုံဖြတ်ပြေးနေတာကိုသူမတို့အခုမှမြင်ဖူးကြကာ ပေါ်တင်မကြည့်ရဲ ကြပေ။
သခင်လေးဒေါသထွက်ရင် သူမတို့ သေမတတ်နာကျင်မူကိုခံစားရလိမ့်မယ်။
သူမတို့မသေချင်သေးပါ။လူတွေအများကြီးရဲ့အရှေ့မှာ အလိုလိုက်ခံရကာကြင်နာယုယခံရသည်မို့ ရှောင်းကျန့်မှာရှက်နေရပါသေးသည်။ ဝမ်ရိပေါ်ကိုမျက်စောင်းထိုးကာ အဝေးကိုလည်းသွားလို့မရသည်မို့ ဝမ်ရိပေါ်တွဲပေးထားတော့လက်များကိုသာအားကိုးကာနာကျင်နေတယ့်ခါးနှင့်တင်ပါးကိုမေ့ပြီး နန်းတော်တမျှကြီးမားလွန်းတယ့်အိမ်တော်ထဲကိုဝင်သွားသည်။
" ဟက့် ရောက်လာပြီပဲ ဆက်ခံသူက ယောကျာ်းလေးတစ်ယောက်ကို နန်းစံအိမ်စီခေါ်လာခဲ့တာပဲ အိုးမိုး မိန်းကလေးလို့တောင်ထင်သွားတာပဲ အာဏာစက်ဝန်းချုပ်ကိုင်သူနေရာကို ဆက်ခံမယ့်သူက ယောကျည်းလေးချင်းစိတ်ဝင်စားနေမယ်လို့မထင်ထားဘူး"
"ချယ်လီရာနာ ဆက်ခံသူရဲ့လူကိုပြန်တောင်းပန်လိုက် "
အနီရောင်ဆံပင်ခွေလှိုင်းလေးနှင့် နတ်ဘုရားတမျှလှပသောအမျိုးသမီးရဲ့စကားမဆုံးခင်မှာပဲ သိပ့်ကိုအာဏာပြင်းလှသော စကားသံဟာလှေကားထက်က်ကနေပေါ်လာခဲ့တယ်။
ရှောင်းကျန့် အခုထက်ထိ ဝမ်ရိပေါ်ဘေးနားယှဥ်ရပ်ရင်း ဘာတွေဖြစ်လို့ဖြစ်နေမှန်းမသိရလောက်အောင်ခေါင်းတွေရှုပ်နေပြီ။ ဝမ်ရိပေါ်ကိုကြည့်တော့လည်း နောက်မှရှင်းပြမယ်ဆိုတယ့်မျက်နှာထားကြောင့် စိတ်ကိုတည်ငြိမ်အောင်ချုပ်တည်းနေရသည်။" ဖိုးဖိုးရီကာ ချယ်လီကဘာများမှားသွားလို့တောင်းပန်ရမလည်း "
" ..အဖိုး ထားလိုက်ပါ ကျွန်တော့်လူ နေမကောင်းတာမို့ အပေါ်ကိုအရင်တက်တော့မယ် ပြောစရာရှိရင်မနက်ကြမှပြောကြတော့.. ပြီးတော့ အစ်မတော်ရာနာ ကျုပ်လူကိုနောက်ထပ်စကားတစ်ခွန်းနဲ့စော်ကားဝံ့ရင် အဖိုးရဲ့အာဏာစက်ဝန်းအမိန့်ပြားတောင်မှ ကယ်နိုင်မှမဟုတ်ဘူး.."