13

279 12 2
                                    

unicode..

" ကော ရှောင်းကျန့်နဲ့ဘယ်တုန်းကစတွေ့တာလည်း "

တိတ်ဆိတ်နေသောထမင်းဝိုင်းကိုဖြိုခွဲသောအသံဟာ ဝမ်ရိပေါ်စီကနေထွက်လာသည်။
တူကိုင်ထားသော ယွီဟိုင်လက်ကတန့်သွားပြီး ဝမ်ရိပေါ်ကိုကြည့်လာသည်။
ဝမ်ရိပေါ် ကောရဲ့အကြည့်ကို အေးဆပင်တုံ့ပြန်လိုက်ကာ အသားတစ်ဖတ်ကိုပါးစပ်ထဲပစ်ထည့်ကာဝါးစားလိုက်သေးသည်။

" တက္ကသိုလ်ပထမနှစ်မှာ စတွေ့တာ အဲ့တုန်းက ရှောင်းကျန့်က အရမ်းသနားစရာကောင်းပြီး သိပ့်ကိုကြိုးစားပြီး ခေါင်းမာတယ့်လူတစ်ယောက် "

" ..ဆယ့်ရှစ်နှစ်မှာပဲ သူသိပ်ချစ်ရတယ့်အမေကိုဆုံးရှုံးလိုက်တယ် အဲ့တုန်းက ကောကသူနဲ့မသိသေးတော့ သူ့မိသားစုအတွင်းရေးပြဿနာတွေကိုမသိခဲ့ဘူး ကောနဲ့သိပြီးနောက်ပိုင်း သူလည်းမပြောပြဘူးလေ ကောသိတာက သူ့အဖေက နောက်မိန်းမယူပြီးကလေးထပ်မွေးလိုက်တာကိုပဲ "

" ရှောင်းကျန့်က သူ့အဖေရဲ့နောက်မိန်းမနဲ့သားကို မုန်းတယ် ကောတောင်မှ သူလုံးဝမူးသွားလို့ပြောပြာရမှသိလာတာ "

ထမင်းပင်ဆက်မစားနိုင်တော့လောက်အောင် အနှီရှောင်းကျန့်ရဲ့ဘဝဇာတ်ကြောင်းက ဝမ်ရိပေါ်အတွက် ဆူးတစ်ချောင်းလို လည်ချောင်းမှာခံနေသည်။
ဝမ်ရိပေါ်လည်း မိဘနှစ်ယောက်ကိုဆုံးရှုံးထားသူဆိုပေမယ့် အဖိုးအဖွားနှင့်ကောတို့ရဲ့ချစ်ခင်အလိုလိုက်ဂရုစိုက်မူကြောင့် လှလှပပကြီးထွားလာခဲ့တာပင်။

ဝမ်ယွီဟိုင် နောက်ဆုံးစားလက်စကိုအပြီးသတ်လိုက်ပြီး ဝမ်ရိပေါ်ကိုကြည့်လာပြီးပြောသည်မှာ.........

" ရိပေါ် ကောရဲ့သူငယ်ချင်းကို တကယ်သဘောမကျရင်လွှတ်ပေးပါ အစကတော့ ကောရိပ်မိရုံပါပဲ ဒါမယ့် မနေ့ညဖုန်းခေါ်ပြီးကတည်းသိသွားတာ.. ကော ရိပေါ်ကိုတောင်းဆိုတာ ရှောင်းကျန့်က အချစ်မခံရခဲ့သူတသ်ယောက်မို့ အချစ်ခံရပြီးစွန့်ပစ်သွားခံရရင် သူခံနိုင်ရည်ရှိပါ့မလား ရိပေါ်ရော သူနာကျင်တာကိုမြင်ချင်ရဲ့လား "

" ..ကျွန်တော်သိပါပြီ ကော "

" ကောင်းပြီလေ ကောတို့ ဒီမှာတင်ရပ်ပြီး စားစရာရှိတာကိုပဲစားကြရအောင်"

𝐅𝐎𝐑 𝐎𝐍𝐄 𝐍𝐈𝐆𝐇𝐓 { No.419} Where stories live. Discover now