7

396 21 0
                                    

Unicode...

ကန့်လာကာသာခြားထားသည့် အတွင်းခန်းလေးထဲတွင် လူနှစ်ယောက်ဟန်ပြင်းပြင်းထန်ထန်နမ်းနေကြပြီး ကမ္ဘာပေါ်တွင်သူတို့နှစ်ယောက်တည်းသာရှိတော့သလိုပင်။

ကြာရှည်သောအနမ်းပြတ်တောက်သွားချိန်တွင် ရှောင်းကျန့်နူတ်ခမ်းများနီရဲပြီးဖူးယောင်နေကာ မှဲ့နားလေးတွေလေးသွားရာလေးကအထင်းသားရှိနေသည်။

ဝမ်ရိပေါ်မျက်လုံးများ နူးညံ့မူလျှံထွက်လာပြီး ရှောင်းကျန့်မျက်ရည်စလေးတွေကိုသုတ်လိုက်သည်။

နီရဲနေတယ့်ပါးပြင်လေးနှင့်မျက်ရည်စတွေရှိနေသောမျက်လုံးများက ရီဝေဝေဖြစ်နေပြီး ဝမ်ရိပေါ်ကို ကြည့်နေသည်။

တစ်ချိန်တည်းမှာပဲ ပူလောင်ပြီးပြင်းပြတယ့်အရာတစ်ခုခုလုပ်ချင်တယ့်ဆန္ဒကို နှစ်ယောက်စလုံးခံစားမိသွားသည်။

" သန့်စင်ခန်းကိုသွားမလား ဒီမှာဆိုအဆင်မပြေဘူး"

ဝမ်ရိပေါ်ဖက်က အရင်လက်ဦးယူပြီးမေးလိုက်ကာ ရှောင်းကျန့်လက်ခံလာမခံလားကိုမသိပဲ ကုတင်ပေါ်ကနေခုန်ချကာ ရှောင်းကျန့်လက်ကိုဆွဲပြီးအပြင်ကိုထွက်သွားသည်။

ဆရာဝန်ချောချောလေးက အလျင်စလိုထွက်သွားတယ့်လူနှစ်​ယောက်ကိုကြည့်ပြီး မျက်နှာဟာ အမူအရာကင်းမဲ့သွားသည်။

ငါချိန်လိုက်တိုင်းလူတိုင်း ရည်းစားတွေနဲ့ပါလားကွာ!!!

ဆရာဝန်လေး ကျန်းယောင်ရဲ့စိတ်ထဲမှာထိုသို့သာတွေးနေမိတော့သည်။

မျက်လုံးဝိုင်းဝိုင်းနှင့်နူတ်ခမ်းဖူးဖူးလေးဟာ အလိုမကျမူကြောင့် ဆူထွက်လာသည်။

" ကလစ်!"

ထိုစဥ်တံခါးပွင့်လာပြီး ခဏကထွက်သွားသည့်ကျောင်းသားနှင့်ဆင်တူသောအမျိုးသားက ကျန်းယောင်ကိုကြည့်ပြီး ဖော်ရွေသောအပြုံးလေးဖြင့်မေးလာသည်။

ထိုအပြုံးလေးအောက်မှာ အောက်ပုဂ္ဂိုလ်လေးကျန်းယောင် ကျရှုံးသွားရတော့သည်။

" အာ..ဒေါက်တာ ကိုယ်ပြောတာကြားလား? "

" ..ဟင့် အမ်း ကြားပါတယ် ခဏကကျောင်းသားက သူ့လူနဲထွက်သွားလိုက်ပြီဗျာ"

𝐅𝐎𝐑 𝐎𝐍𝐄 𝐍𝐈𝐆𝐇𝐓 { No.419} Where stories live. Discover now