unicode...
" ပြောစရာရှိတယ်ဆို မပြောတော့ဘူးလား "
ကျောင်းအဝင်ပေါက်ဂိတ်ရှေ့တွေ ဝမ်ရိပေါ် သူ့ထက်ခေါင်းတစ်လုံးစာပုသော ရှောင်းကျိုးကိုကြည့်ရင်းမေးလိုက်တယ်။
မပြောဘဲ ခေါင်းငုံ့နေသောလူကြောင့်ဝမ်ရိပေါ်လည်း စိတ်မကြည်မလင်ဖြစ်လာကာ လှည့်ထွက်လာခဲ့တော့သည်။
သူ့မှာ အချိန်မရှိ၊ အဲ့ကောင်လေးရှက်သွေးဖြာနေတာကို ကြည့်ဖို့အချိန်မရှိ။ ရှောင်းကျန့်ကိုသာ ဝမ်ရိပေါ်တွေ့ချင်နေပြီး အနမ်းကြမ်းကြမ်းပေးဖို့မစောင့်နိုင်တော့ပါ။
စွာလှသည့်နူတ်ခမ်းပါးပါးလေးကိုလည်း ကိုက်ပစ်ချင်လှပြီ။
အခုထိ သူ့ကိုစာပြန်မပို့သောအနှီလူကြီးကိုအပစ်ပေးဖို့အိမ်ပြန်ချင်လှပြီ။" ခဏ..ဟို ရိပေါ်အားရင် ကျွန်တော့်နဲ့အတူ လိုက်ခဲ့ပါလား သူငယ်ချင်းတွေနဲ့ချိန်းထားတာရှိလို့ "
" ရှောင်းကျိုး ကိုယ်မအားဘူး ပြီးတော့ သူငယ်ချင်းဖြစ်ချင်လို့ရလားဆိုတာ ကိုယ်ပြန်မဖြေရသေးဘူးလေ.. အဲ့တော့ စည်းလေးရှိကြတာပေါ့"
" ..ဟုတ် ဒါမယ့် ရိပေါ် မသိသေးလို့ဒီလိုငြင်းမယ်ဆိုတာကြိုသိထားပါတယ် နောက်ကျခင်သွားရင်လိုက်ခဲ့ရမယ်"
" ok "
ပေါ့ပေါ့တန်တန်ပြန်ဖြေပြီး အက်ျီအစွန်းကိုဆွဲထားသောရှောင်းကျိုးလက်ကို မမှုဘဲ လှည့်ထွက်သွားတော့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျိုးနူတ်ခမ်းကိုဖိကိုက်ကာ ဒေါသထွက်နေတော့သည်။
လူတိုင်းက သူ့အတွက်ဆိုခယနေကြပေမယ့် ဝမ်ရိပေါ်ကအဲ့လိုမဟုတ်။ ရှောင်းကျိုးဆိုတယ့်ကောင်လေးကလည်း အပေါ်ယံဟန်ဆောင်ကောင်းသူပေမို့ ခက်ခက်ခဲခဲရတယ့်အရာဆိုသိပ့်ကြိုက်တာ။သူ့ကိုသာပြန်ကစားသွားမယ့်လူဆိုတာ ရှောင်းကျိုးသာသိခဲ့ရင် ဝမ်ရိပေါ်ကို ပတ်သတ်ရဲအုံးလေမလား။
ဝမ်ရိပေါ်အိမ်ပြန်ရောက်ချိန်တွင် တွေ့ချင်နေတယ့်သူကိုမတွေ့ရဘဲ သူစိမ်းတစ်ယောက်ကိုသာ ဧည့်ခန်းတွင်ထိုင်နေသည်ကိုသာတွေ့လိုက်ရသည်။
" ခဗျားက ဘယ်သူလည်း "
" တွေ့ရတာဝမ်းသာပါတယ် ကျွန်တော်က ဖန်လုံပါ ရှောင်းကျန့်ရဲ့လက်ထောက်ပါ နေရာပြောင်းဖို့အတွက် ပစ္စည်းလာယူတာ"