10

305 13 0
                                    

unicode...

ဝမ်ရိပေါ် လက်ထဲကအထုပ်ကိုဆွဲရင်း ဓာတ်လှေကားထဲကိုဝင်လိုက်သည်။
ဓာတ်လှေကားထဲက မိန်းကလေးအချို့က ဝမ်ရိပေါ်ကိုမသိမသာခိုးကြည့်နေကြကာ မျက်နှာများနီရဲနေကြသည်။
ဝမ်ရိပေါ် ဖော်ရွေစွာပြုံးပြလိုက်တယ့်အခိုက် အပန်းရောင်ဂါဝန်ဝတ်ထားတယ့်မိန်းကလေးစီမှာ အသံကြားလိုက်ရသည်။

" ချောလိုက်တာ.. "

" ကိုယ်ချောမှန်းသိပါတယ်.. မိန်းမလှလေး "

ဝမ်ရိပေါ်ရဲ့စနောက်သလိုစကားကြောင့် မိန်းကလေးများက ရှက်ရယ်ကုန်ကြသည်။ဖော်ရွေပုံရတယ့်ဝမ်ရိပေါ်ပုံစံကြောင့် စကားစပြောရဲသည့်မိန်းကလေးကသာ ဝမ်ရိပေါ်ကိုမေးလာသည်။

" မောင်လေးက ဒီဟိုတယ်မှာညအိပ်တာလား လက်ထဲကအထုပ်နဲ့ဆိုတော့ကောင်မလေးနဲ့များလား "

" ကောင်မလေးအတွက်မဟုတ်ပါဘူး ဒေါသကြီးတယ့်ကိုယ့်လူကြီးလေးအတွက် "

ဝမ်ရိပေါ်ရဲ့စကားအဆုံး ဟင့်ခနဲ့အသံတွေထွက်လာကာ မိန်းကလေးများ၏အတွေးများကိုမှောင်မိုက်သွားစေသည်။ ဝမ်ရိပေါ်ခေါင်းစောင်းကာရယ်လိုက်တာကြောင့်နားထင်က ကိုက်ရာကို သူမတို့မြင်လိုက်ကာ အတွေးပေါက်သွားပြီး သူမတို့မိန်းကလေးအချင်းချင်းအကြည့်စကားနဲ့ပြောနေကြသည်။
ဝမ်ရိပေါ်လည်း ဆက်မပြောတော့ဘဲ ကိုယ်သွားမယ့်အထပ်စီရောက်သည့်အထိ တိတ်တ်ိတ်လေးနေသည်။

ဝမ်ရိပေါ်အခန်းတံခါးဖွင့်ပြီးဝင်လာတယ့်အချိန်တွင် ရှောင်းကျန့်က ဆိုဖာလက်ရန်းပေါ်ခေါင်းတင်ပြီး ဒူးမြောက်ကာအိပ်နေတယ့်အနေအထားဖြင့် ဆီးကြိုနေသည်။
တဝက်တပျက်ပေါ်နေသည့်ပေါင်တံဖြူဖြူလေးတွင် လက်ချောင်းရာများ၊ကိုက်ရာများစွာရှိနေသည်။
ဝမ်ရိပေါ်စိတ်ကိုထိန်းကာ ရှောင်းကျန့်အိပ်နေတယ့်ဆိုဖာအစွန်းလေးမှာနေရာယူပြီးထိုင်လိုက်သည်။

" ကျန့်ကော ကိုယ်ဘာဝယ်ရမယ်မသိလို့ ပုစွန်အချိုချက်ထားတယ့်အပျော့စားနဲ့ ငါးစွပ်ပြုတ်လေး ပြီးတော့
စတော်ဘယ်ရီကိတ်အချိုလေးဝယ်လာခဲ့တယ် ဒါကကျန့်ကောဝတ်ဖို့"

𝐅𝐎𝐑 𝐎𝐍𝐄 𝐍𝐈𝐆𝐇𝐓 { No.419} Where stories live. Discover now