Unicode ...
ညမီးအိမ်လေးထွန်းထားသည့်ဟိုတယ်ဇိမ်ခံအိပ်ခန်းတွင် ပူးကပ်နေကြသည့်လူနှစ်ယောက်ကို ဖုန်းမြည်သံဟာနှောင့်ယှက်နေသည်။
ရှောင်းကျန့် ပွေ့ဖက်မှုကြားကနေရုန်းထွက်လိုက်ပြီး ဖုန်းကိုကိုင်လိုက်တယ်။
အနောက်ကဝမ်ရိပေါ်ဟာ လှုပ်ရှားနေတယ့်ရှောင်းကျန့်ကျောပြင်ကို အမည်တပ်မရသောခံစားချက်မျက်ဝန်းများဖြင့်ကြည့်နေခဲ့တယ်။" ယွီဟိုင် ဘာကိစ္စရှိလို့လည်း "
ရှောင်းကျန့် စိတ်ကိုငြိမ်ငြိမ်ထားကာ ဖုန်းတစ်ဖက်ရှိဝမ်ယွီဟိုင်ကိုပြောလိုက်သည်။
ဝမ်ယွီဟိုင်ဖက်က ဝမ်ရိပေါ်နှင့်ရှောင်းကျန့်အိမ်ပြန်မလာသည်ကိုမေးလာသည်။" အလုပ်ကိစ္စရှိလို့ဒီညတော့အိမ်ပြန်အိပ်ဖြစ်မှာမဟုတ်ဘူး ယွီဟိုင် "
" ရိပေါ်လား ကျောင်းတုန်းကအပြန်အတူပြန်ပေမယ့် လမ်းတဝက်မှာ သူငယ်ချင်းနဲ့တွေ့စရာရှိလို့ဆိုပြီး လမ်းခွဲလိုက်ကြတာ "
ခပ်တည်တည်နှင့်လိမ်ညာလိုက်သောရှောင်းကျန့်ကို လက်တစ်ဖက်ကလာနှောင့်ယှက်နေသည်။
အထိမခံသောခါးကိုအညစ်ခံလိုက်ရသည်မို့ရှောင်းကျန့်အော်မိသွားသည်။" အာ့.. မင်း!"
" ဘာဖြစ်လို့လည်း ရှောင်းကျန့် "
" ဘာမဖြစ်ဘူး ပြောစရာမရှိရင်ချ..ချလိုက်တော့မယ်နော် အရေးကြီးရှင်းစရာရှိနေသေးလို့"
" ကောင်းပါပြီ မင်းတို့နှစ်ယောက်ပြန်မလာတော့ဘယ်တွေများသွားနေကြတာလည်းမေးကြည့်တာ"
" အင်း ဒါဆိုချပြီနော် ကောင်းသောညပါ ယွီဟိုင်"
ဖုန်းချလိုက်ပြီးတင်ပါးပေါ်ရောက်နေသည့်လက်ကိုရိုက်ချကာ ဝမ်ရိပေါ်ကိုဒေါသမျက်ဝန်းဖြင့်စိုက်ကြည့်လိုက်သည်။အခန်းထဲတွင်သုံးစက္ကန့်မျှတိတ်ဆိတ်သွားပြီးနောက်ဝမ်ရိပေါ်၏အသည်းယားသလိုရယ်သံလွင်လွင်လေးကထွက်ပေါ်လာခဲ့သည်။
" ဟားဟား ချစ်စရာလေးကျန့်ကောက.. "
ပါးကိုအသံမြည်သည့်အထိအနမ်းခံလိုက်ရပြီး တင်းကျပ်ပြီးနွေးထွေးတယ့်ပွေ့ဖက်မှုတစ်စုံကြားရှောင်းကျန့်ကျရောက်ပြန်တယ်။