14

285 13 0
                                    

unicode...

အယ်လီ ဆေးရုံဆင်းတယ့်အချိန်အထိအနားမှာအဖော်ပြုပေးကာ အယ်လီနေတယ့်ကွန်ဒိုတိုက်ခန်းအထိ ရှောင်းကျန့်ကိုယ်တိုင်လိုက်ပို့သည်။
အယ်လီကိုတိုက်ခန်းအထိလိုက်ပို့ပေးပြီး ရှောင်းကျန့်လည်းဆင်းလာကာ မြေအောက်ခန်းပါကင်မှာထိုးထားတယ့်ကားစီဆင်းလာခဲ့သည်။
အနောက်ကနေတစ်ယောက်ယောက်လိုက်လာသလို ခံစားရသည်မို့ ရှောင်းကျန့် ကားပေါ်မတက်ခင်အထိ အနောက်ကိုခဏခဏလှည့်ကြည့်မိသည်။
ကားစက်နိုးပြီး မြေအောက်ကားပါကင်ကနေထွက်လာခဲ့ကာ အနောက်ကနေလိုက်နေတယ့်ဆိုင်ကယ်တစ်စီးကို ရှောင်းကျန့်သတိထားမိသွားသည်။
ရှောင်းကျန့်ကားကို လူလျှောက်လမ်းဘေးမှာထိုးရပ်လိုက်ပြီး ကားပေါ်ကနေဆင်းလိုက်ပြီး ဆိုင်ကယ်ရပ်မယ့်ကိုစောင့်နေလိုက်သည်။

" ကျွီ့...."

" ငါ့အနောက်ကို ဘယ်အချိန်ထိလိုက်နေအုံးမလည်း
ဝမ်ရိပေါ်  "

" ခဗျား ချစ်သူလား အဲ့ကောင်က"

" ငါတို့ဒီမှာစကားပြောမှာထက် ဟိုတယ်ကိုအရင်ပြန်ကြရအောင် ငါမင်းကိုရှင်းပြမယ် မင်းထင်နေသလိုမဟုတ်ဘူး "

" ကျုပ်နဲ့ဘာဆိုင်လို့လည်း ခဗျားဘာသာ ဘယ်သူနဲ့ဘဲရှိနေပါစေ ကျုပ်နဲ့မဆိုင်ဘူး!!"

" ဝုန်းး ဝုန်းး "

ပြင်းထန်ပြီးဆူညံတယ့်ဆိုင်ကယ်နိုးသံဟာ ရှောင်းကျန့်အသံကိုပျောက်ကွယ်သွားစေသည်။
ဒေါသတကြီးမောင်းထွက်သွားတယ့်ကောင်လေးကိုကြည့်ရင်း ကိုယ့်ထက်အများကြီးငယ်တယ့်ချာတိတ်နဲ့ဆက်ဆံရေးတစ်ခုစရတာ တကယ်ကို အများကြီးစိတ်လျှော့ပေးနေရသည်။

ဒေါသကြီးတယ့်ရှောင်းကျန့်အတွက် မာန်ကြီးတယ့်လူတစ်ယောက်အနေနဲ့ ရှောင်းကျန့်အတတ်နိုင်ဆုံးလျှော့ပေးနေတာကို ဝမ်ရိပေါ်ဆိုတယ့်တဇွတ်ထိုးကောင်လေးကမသိပင်။
ရှောင်းကျန့်ကားထဲဝင်ကာ ဝမ်ရိပေါ်နောက်ကို သတ်မှတ်ထားသည့်အရှိန်ထက် လိုက်လာခဲ့သည်။
ဝမ်ရိပေါ်မောင်းနှင်သည်မှာ မြို့အပြင်ဖက်ကိုရောက်သွားသည်အထိ ဆိုင်ကယ်မရပ်သေးပင်။ ရှောင်းကျန့် ကားအရှိန်ကိုနှစ်ဆထပ်မြင့်လိုက်ပြီး ဝမ်ရိပေါ်အရှေ့မှာထိုးရပ်လိုက်ကာ ကားပေါ်ကနေဆင်းပြီး လာနေသောဝမ်ရိပေါ်ဆိုင်ကယ်အရှေ့ကို တားရပ်လိုက်သည်။

𝐅𝐎𝐑 𝐎𝐍𝐄 𝐍𝐈𝐆𝐇𝐓 { No.419} Where stories live. Discover now