unicode....
ကျောင်းပျက်ချိန်သိပ့်ကိုများသွားတယ့်အတွက် အတန်းပိုင်ဆရာမက အုပ်ထိန်းသူခေါ်လာခဲ့ဖို့သတိပေးခံရကာ လက်ရှိမှာတော့ ရှောင်းကျန့်က ကျောင်းကိုရောက်နေရခြင်းဖြစ်သည်။
တရားခံဖြစ်သူ အမောင်ဝမ်ရိပေါ်မှာ တလက်လက်မျက်လုံးလေးတွေနဲ့ ရှောင်းကျန့်ကိုကြည့်နေသည်။ ကျောင်းစာတွေထက် ရှောင်းကျန့်မျက်နှာလှလှလေးကိုကြည့်ရတာပိုပြီးစိတ်ဝင်စားစရာကောင်းသေးသည်။" ရှင်က ဝမ်ရိပေါ်ရဲ့အုပ်ထိန်းသူအနေနဲ့လာခဲ့တာဆိုတော့ ကျွန်မလည်းရှင်းရှင်းလင်းပဲပြောကြတာပေါ့ ဝမ်ရိပေါ်ကခဏခဏကျောင်းပျက်နေတာ ခွင့်စာလည်းမတင်ဘူးဆိုတော့ အတော်လေး မျက်ကွယ်ပြုထားဖို့မရတော့လို့ပါရှင့် "
" ကျောင်းသားဝမ် ဘာလို့ကျောင်းခဏခဏပျက်နေရတာလည်းဆိုတာ အုပ်ထိန်းသူအနေနဲ့ရှင်သိမယ်ထင်ပါတယ် "
အတန်းပိုင်ဆရာမစကားဟာ ရှောင်းကျန့်ကိုရှက်သွားစေသည်။ ဝမ်ရိပေါ်ကျောင်းပျက်သည်မှာအခြားမဟုတ် သူနှင့်အတူနေတိုင်း ဝမ်ရိပေါ်ကျောင်းတက်နေသေးတယ်ဆိုတာကို နှစ်ယောက်လုံးမေ့သွားကြတယ့်အဖြစ်။
ရှောင်းကျန့် ဆရာမကို အားနာတယ့်အပြုံးပြုံးကာတောင်းပန်လိုက်သည်။" အိမ်မှာအရေးပေါ်ကိစ္စလေးတွေရှိတော့ ခွင့်မတင်ဖြစ်တာဖြစ်မယ် ဟုတ်တယ်မလား ရိပေါ် "
ဘေးတွေထိုင်နေသောဝမ်ရိပေါ်ကိုလှည့်ကြည့်ကာ ရှောင်းကျန့်ပြောတော့ ဝမ်ရိပေါ်ကထောက်ခံပေးရှာသည်။လိုက်ဖက်လိုက်တယ့်အတွဲလေး ၊ နှစ်ယောက်ပေါင်းပြီးဆရာမကိုလိမ်နေရတာ။
" ဟုတ်ပါတယ် ဆရာမ နောက်ဆို ခွင့်စာတင်ပါမယ် "
." ထပ်ပျက်အုံးမယ်လို့ဆိုချင်တာလား စာမေးပွဲကလာတော့မှာ ကျောင်းသားဝမ်အနေနဲ့ကျောင်းထပ်ပျက်ခွင့်မရှိသင့်တော့ဘူး ဒီကအုပ်ထိန်းသူလည်း ကလေးကိုဂရုစိုက်ပေးပါ အလိုမလိုက်ပါနဲ့ "
အတန်းပိုင်ဆရာမက ဘက်မလိုက်တတ်သူလို့နာမည်ကြီးသူမို့ ပွင့်ပွင့်လင်းလင်းသာပြောတတ်သူဖြစ်သည်။ ရှောင်းကျန့်လည်းတောင်းပန်လိုက်ကာ ဝမ်ရိပေါ်ကိုကျောင်းမပျက်အောင်စောင့်ကြည့်ပေးပါမယ်လို့ကတိပေးလိုက်သည်။
ကျောင်းရုံးခန်းထဲကနေထွက်လာတော့ ကော်ရစ်တာတွင်စုအုံနေသော ကျောင်းသား၊သူများကြောင့် ရှောင်းကျန့်ပင်ကြောင်အသွားရသည်။