Unicode...
မနက်ပိုင်း အေမြို့တော်ရဲ့ရာသီဥတုဟာအုံ့မှိုင်းနေပြီး မိုးစက်များတပေါက်ပေါက်ဖြင့် ဟိုတယ်အခန်းတစ်ခု၏ပြတင်းပေါက်ကိုပြင်းထန်စွာလာမှန်နေသည်။
ရှုပ်ပွနေတယ့်အိပ်ယာခင်းထက်တွင် ဘေးတစောင်းလှဲပြီးအိပ်ပျော်နေတယ့်အမျိုးသားကအနည်းငယ်လှုပ်ရှားလိုက်တာကြောင့် နူးညံ့တယ့်စောင်ကလျှောကျသွားပြီး ကိုက်ရာအပြည့်ဖြစ်နေတယ့်ညှပ်ရိုးနှင့်ပုခုံးသားလေးတွေကိုပေါ်သွားစေတယ်။
မိုးများဆက်တိုက်ရွာပြီးနောက် ကောင်းကင်ကြီးပေါ်တွင် တိမ်မည်းများကိုတွန်းကန်လျက်ထွက်ပေါ်လာသောနေမင်းကြီး၏အလင်းက ကုတင်ပေါ်တွင်အိပ်ပျော်နေသောအမျိုးသားကို နိုးသွားစေသည်။
ရှောင်းကျန့် လေးလံနေတယ့်လက်ကိုမြောက်လိုက်ပြီးမျက်လုံးကိုကာလိုက်ကာ အလင်းရောင်ကြောင့်စူးရှနေတယ့်မျက်လုံးများကိုနေသားကျအောင်လုပ်လိုက်သည်။
ရှောင်းကျန့်အပြည့်အဝနိုးလာပြီးနောက် ထထိုင်ဖို့တံတောင်ဖြင့်အားထောက်ချိန်အိပ်ယာခင်းပေါ်ပြန်လဲကျသွားကာ ပါးစပ်ကနေလည်း ညည်းညူသံထွက်သွားသည်။
" အားး နာလိုက်တာ!! "
" ဝူးး "
ရှောင်းကျန့်မျက်လုံးကနေသည်းမခံနိုင်စွာမျက်ရည်ဘူးသီးလေးများတစ်စက်ပြီးတစက်ကျလာသည်။
နာကျင်နေတယ့်ခါးကိုဖိနှိပ်ပြီး အိပ်ရာပေါ်ကနေကုန်းထကာ မီးအိမ်တင်ထားတယ့်အံဆွဲပေါ်က ဖုန်းကိုယူလိုက်သည်။
အချိန်ကြည့်လိုက်သော နေ့ခင်း၁၁နာရီတောင်ရှိနေပြီ။
ရှောင်းကျန့်ပါးစပ်ကနေ ညစ်ညမ်းတယ့်အဆဲစကားလုံးလေးကလွှတ်ကနဲ့ထွက်သွားကာ လက်ထောက်ကိုဖုန်းခေါ်ပြီးဒေါသတကြီးပြောလိုက်သည်။
" မနေ့ညက ငါ့ကိုဆေးခတ်တယ့်လူကိုဒီနေ့အတွင်းရအောင်ရှာခဲ့! ပြီးတော့ မနေ့ညကငါ့အခန်းထဲကိုဘယ်သူဝင်လာလည်းဆိုတာ စုံစမ်းလာခဲ့!!"
" ဟုတ်ကဲ့ပါ သခင်လေး "
"..ငါ့ကိုအနာကျက်ဆေး ၊အကိုက်အခဲပျောက်ဆေး နဲ့ဆန်ပြုတ်ယူလာပေးအုံး ငါတည်းနေတယ့်အခန်းကိုသိတယ်မလား"