6

400 23 0
                                    

Unicode...

ကျောင်းဂိတ်ရှေ့ကို ဇိမ်ခံကားတစ်စီးကထိုးရပ်သွားလျက် ထိုကားပေါ်ကနေ အနက်ရောင်ကုတ်ဝတ်ဆင်ထားသူအမျိုးသားနှစ်ယောက်က ကားနောက်ခန်းကနေဆင်းလာခဲ့တယ်။

နေ့လည်ခင်းထမင်းစားချိန်မို့ ကျောင်းဝန်းထဲမှာအသွားအလာများနေပြီး ကားပေါ်ကနေကြွကြွမော့မော့ဆင်းလာသူအမျိုးသားနှစ်ယောက်ကိုစပ်စပ်စုစုကြည့်သွားကြသည်။

ရှောင်းကျန့် အနည်းငယ်ပူအိုက်နေသည်မို့ အပြင်ကုတ်ကိုချွတ်လိုက်ပြီး သေးသေးသွယ်သွယ်လေးနှင့်လုံးဝန်းနေတယ့်တင်ပါးကောက်ကြောင်းတွေကပေါ်လာသည်။

" မင်းကိုပါဒုက္ခများစေမိပြီ ရှောင်းကျန့်"

" ရတယ် ငါတို့ဝမ်ရိပေါ်ကိုပဲသွားကြည့်ကြရအောင်"

ဝမ်ယွီဟိုင်ကအားနာတယ့်မျက်နှာဖြင့်ပြောလာသည်ကိုဖြတ်ပြောလိုက်ပြီး ဒဏ်ရာရနေတယ်ဆိုတယ့်ဝမ်ရိပေါ်စီကိုသာသွားတွေ့ချင်နေပြီဖြစ်သည်။

ဒီမနက်ကသူ့စကားကြောင့် ဒီကလေးဒေါသထွက်ပြီးကျောင်းမှာရန်ဖြစ်ရင်းဒဏ်ရာများရလာသာလားဆိုတယ့်အတွေးများကရှောင်းကျန့်ကိုစိတ်ပူစေသည်။

ရှောင်းကျန့်တို့ ရုံးခန်းရောက်သည့်အချိန်တွင် ကျောင်းသားအုပ်စုတစ်ဖွဲ့နှင့် ဘေးတွေတစ်ယောက်တည်းမတ်တပ်ရပ်နေသောဝမ်ရိပေါ်ကျောပြင်ကိုတွေ့လိုက်ရသည်။

ကျောင်းသားအုပ်စုအဖွဲ့တွေလေးယောက်ရှိနေပြီး သူတို့မိဘများက ပွစိပွစိပြောနေကြသည်။

ရှောင်းကျန့်တွေးမိလိုက်တာ တစ်ယောက်တည်းမတ်တပ်ရပ်ပြီးဂရုမစိုက်ဟန်နေတယ့်ဝမ်ရိပေါ်ကျောပြင်ကအနည်းငယ်သနားစရာကောင်းနေသည်။

ဝမ်ယွီဟိုင်လည်း ဝမ်ရိပေါ်ရဲ့မျက်နှာပေါ်ကဒဏ်ရာတွေကိုမြင်တယ့်အခိုက် အမြဲတမ်းဖော်ရွေပုံရတယ့်မျက်နှာဟာအေးစက်သွားပြီး ကျောင်းသားလေးယောက်ကိုစိုက်ကြည့်လိုက်သည်။

ထိုကျောင်းသားလေးယောက်ကဝမ်ရိပေါ်ထက်ပင်ဒဏ်ရာပိုများနေပြီး ထိုထဲကတစ်ယောက်မှာလက်တွင်ပတ်တီးပင်ပတ်ထားရလျက် ကျိုးသွားပုံရသည်။

𝐅𝐎𝐑 𝐎𝐍𝐄 𝐍𝐈𝐆𝐇𝐓 { No.419} Where stories live. Discover now