အခန်း (၁၁) - ရွှေဖရုံသီး အချိုပွဲ

814 104 5
                                    

Unicode

အခန်း (၁၁) - ရွှေဖရုံသီး အချိုပွဲ

လိုင်မိသားစု အဖမ်းခံရတဲ့အကြောင်းကို ချန်ရှင်း ကြားလိုက်ရတော့ ဝမ်းသာအားရဖြစ် လို့သွားရကာ ခေါင်းညိတ်လိုက်၏။  " သိပြီ, ကျွန်တော် မနက်ဖြန် သွားကြည့်လိုက်မယ် "

ကုလန် ချန်ရှင်းရဲ့ တောက်ပတဲ့ အပြုံး‌လေး ကို ကြည့်ပြီး သူ့လက်ချောင်း‌တွေကို နည်းနည်း လေး လှုပ်ရှားလိုက်မိ၏။  ရုတ်တရက် ထိုသူ့ခေါင်းလေးကို ထိကြည့်လိုက်ချင်နေပေ မယ့် နောက်ဆုံးမှာတော့ သူ့ရဲ့ အလိုဆန္ဒကို ထိန်းကာ တိတ်တဆိတ် ချောင်ဟန့်လိုက်ရ၏။

ချန်ရှင်း ကုလန်ရဲ့ ချောင်းဆိုးသံကို ကြား လိုက်ရတော့ ရုတ်တရက် သူ့ရဲ့ စိတ်လှုပ်ရှား နေတဲ့ အခြေအနေကနေပြီး ပြန်‌ရောက်လာခဲ့ ၏။  သူက ကုလန်ကို ကြည့်လိုက်ကာ  " ဘာဖြစ်လို့လဲ? ခင်ဗျား နေမကောင်းဘူးလား?"

ကုလန်က သူရဲ့ ကျန်းမာရေးညံ့ဖျင်းမှုကြောင့် ပုံမှန်အားဖြင့် အပြင်သိပ်မထွက်တတ်ကြောင်း ချန်ရှင်းသိ၏။   သူ တစ်ခုခုလိုအပ်နေရင် တောင်မှ ချိုးကျိုကိုသာ  အစားလု‌ပ်‌ပေးဖို့ အမြဲတောင်းဆိုတတ်တာ ဖြစ်သည်။   ဒီနေ့မှာတော့ ချန်ရှင်းရဲ့ ကိစ္စကြောင့်  အထူးတလည် အပြင်ထွက်ခဲ့ရ၏။  ကုလန်သာ တစ်ခုခုဖြစ်သွားခဲ့ရင် သူတော့ အတော်လေး စိတ်မကောင်းဖြစ်ရလိမ့်မည်ပင်။

ကုလန် ချောင်းဆိုးပြီးချိန်မှာ ချန်ရှင်းက သူ့ကို ထိတ်လန့်စွာနဲ့ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။  သူ့လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ပြီး ဖြူဖျော့ဖျော့ မျက်နှာပေါ် နှစ်သိမ့်သည့် အပြုံးလေး ဆင်မြန်းလိုက်ရင်း   " အဆင်ပြေပါတယ်, အဲဒါက ရောဂါဟောင်းလေးပါပဲ, ငါက နေသားကျနေပြီးသားမို့ အဆင်ပြေသွားလိမ့်မယ် "

ထိုသို့ ပြောပြီးသည့်နောက်တွင်တောင် ချန်ရှင်း  သူ့ကို ကြည့်ကာ စိုးရိမ်နေဆဲပင် ။  ထိုအခါ တွင်တော့ ကုလန်လည်း အကြောင်းအရာကို ရုတ်တရက်ပြောင်းလိုက်ရတော့၏။ " မင်း ခုနက မီးဖိုချောင်မှာ ဘာလုပ်နေတာလဲ? "

ထိုသို့ကြားတော့မှ ချန်ရှင်းတစ်ယောက် ပေါင်း ဖို့အတွက် မီးဖိုပေါ်တင်ထားတဲ့  ရွှေဖရုံသီး ကိတ်ကို ရုတ်တရက် သတိရသွား တော့သည်။ မီးဖိုဆီ အမြန်ပြေးရလေကာ မီးဖိုကို မီးအမြန် ငြိမ်းလိုက်ရပြီးနောက် ပေါင်းအိုးအဖုံးကို ဖွင့်လိုက်ရ‌၏။

အစားထိုးယောက်ျားလေးဇနီးသည် " ဖူလန် " အဖြစ် ကူးပြောင်းသွားခြင်းWhere stories live. Discover now