အခန်း (၂) - ကုမိသားစု

1.7K 219 6
                                    

Unicode

အခန်း (၂) - ကုမိသားစု

ချန်ရှင်းက သူ့ရှေ့က အထက်စီးဆန်တဲ့ ချန်သခင်မကြီးကို ကြည့်လိုက်သည်။ သူ ထပ်ခါထပ်ခါ သည်းခံခဲ့ပါ၏။ နောက်ဆုံးမှာတော့ သူ လုံး၀ကို ထိန်းမထားနိုင်တော့ပဲ တိုက်ရိုက်သာ ပြောချပစ်လိုက်တော့သည်။ “ ၀မ်းနည်းပါတယ်, သခင်မကြီး, ကျွန်တော် ဒီကိစ္စကို နားမထောင်နိုင်မှာပဲ စိုးရွံ့မိပါတယ် ”

ချန်ရှင်း နှုတ်က စကားအဆုံးသတ်သွားတာနဲ့ ချန်သခင်မကြီးလက်ထဲက လက်ဖက်ရည်ခွက်က သူ့မျက်နှာနား ပျံဝဲလို့လာကာ သူ့အနောက်က ကြမ်းပြငါပေါ် ခွပ်ခနဲ ကျကွဲလို့ သွားချေပြီ။

ချန်ရှင်းက ထိတ်လန့်ကာ ‌လှုပ်ရှားလိုက်မိ ပေမယ့် ချန်သခင်မကြီးက သူ(မ)ရဲ့ မျက်ခုံးကိုသာ ပင့်ပြီး သူ့ကို ကြည့်ကာ အေးအေးဆေးဆေး ဆိုလာ၏။ “ ငါက မင်းနဲ့ ညှိနှိုင်းနေတယ်လို့များ ထင်နေတာလား? ”

ချန်ရှင်း သူ(မ)ကို ကြည့်လိုက်ကာ လက်သီးတင်းတင်းဆုပ်လိုက်မိသည်။ 

ချန်သခင်မကြီးရဲ့ မျက်လုံးတွေက သူ့တစ်ကိုယ်လုံးကို ကြည့်ရှုနေကာ သူ့ရဲ့ ခပ်တင်းတင်း‌ဆုပ်ထားတဲ့ လက်သီးပေါ်မှာ ခဏလောက် ရပ်သွားလေ၏။ သူ့ရဲ့ မယုံကြည်နိုင်တဲ့ မျက်လုံးတွေကို ကြည့်ကာ ပေါ့ပေါ့ပါးပါးပင် ပြောထွက်လာသည်က “ မင်းရဲ့ အစေခံစာချုပ်က ငါ့လက်ထဲမှာပဲ ရှိသေးတာနော်, မင်း လက်မခံနိုင်ရင်တောင်မှ အဲ့တာက အသုံးမ၀င်ဘူး, ငါမင်းကို ဘယ်လို မကောင်းတဲ့ အကြံအစည်မျိုးကိုမှ မကြံစည်ဖို့ သတိပေးလိုက်မယ်, မဟုတ်ရင်တော့ မင်းရဲ့ စာချုပ်ကို လူကုန်သည်တွေဆီ လက်လွှဲပြီး မင်းကို ကိုင်တွယ်ဖို့ သူတို့ကို အသုံးပြုလိုက်မယ် ”

ချန်ရှင်းရဲ့ မျက်လုံးတွေက ချန်သခင်မကြီးကို ကြည့်နေရင်း မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်လို့ သွားရသည်။ သူ မှတ်မိသလောက်ဆိုရင် မူလပိုင်ရှင်က သေချာပေါက် ချန်သခင်ကြီးရဲ့ သားပါ, ဘယ်လိုလုပ် ဒီလို အစေခံစာချုပ်လို အရာမျိုးနဲ့ သစ္စာဖောက်ခံလိုက်ရတာမျိုး ဖြစ်နိုင်မှာလဲ?

သူ(မ)က ချန်ရှင်း သံသယဖြစ်နေတာကို မြင်လိုက်လေရာ သူ(မ)က သူ့ကို အထိတ်တလန့်ဖြစ်သွားအောင် ပါးပါးလေး ရိုက်ချလိုက်ချင်သွား၏။ ကြောက်စရာကောင်းတဲ့ အပြုံးတစ်ခုက သူ(မ) မျက်နှာပေါ်မှာ ပေါ်ပေါက်လာကာ “ မင်းရဲ့ အမေက သူ(မ)ရဲ့ ညစ်ပတ်တဲ့ ဖြစ်တည်မှုကို ဖယ်ရှာဖို့ မင်းကို သုံးပြီး အိမ်တော်သခင်ကြီးကို အပိုင်ချိုင်နိုင်မယ် ထင်နေခဲ့တာလေ, သနားစရာကောင်းတာက သခင်ကြီးကို အပိုင်ချိုင်နိုင်ခဲ့တာတောင်မှ သူ(မ)အဆင့်က နိမ့်ကျပြီး ရွံစရာကောင်းတဲ့ ခွေးမဖြစ်နေတုန်းပဲလေ ”

အစားထိုးယောက်ျားလေးဇနီးသည် " ဖူလန် " အဖြစ် ကူးပြောင်းသွားခြင်းWhere stories live. Discover now