အခန်း (၈) - အနိုင်ကျင့်ခံရခြင်း

1.4K 185 5
                                    

Unicode

အခန်း (၈) - အနိုင်ကျင့်ခံရခြင်း

“ ဆိုင်ရှင်လေး, ဒီနေ့ ကျုပ် နှစ်ပွဲယူမယ်နော့်! ”

မိန်းမကြီးရဲ့ ကျယ်လောင်တဲ့ အသံက ရှုပ်ထွေး နေတဲ့ လမ်းပေါ်မှာ တသီးတခြား ထွက်ပေါ်လို့ လာလေ၏။

“ ကောင်းပါပြီဗျ! ” နောက်‌ဆက်တွဲအနေနဲ့ တက်ကြွတဲ့ အသံလေး ထွက်ပေါ်လာတာ ‌မွှေးကြိုင်တဲ့ မာပိုတို့ဖူးထမင်းနှစ်ပွဲက ဝယ်သူ လက်ထဲ ‌ကူးပြောင်းလို့သွား၏။

မိန်းမကြီးက သူ(မ)ကို ကမ်းပေးတဲ့ အစား အသောက်တွေကို ယူလိုက်ကာ သူ(မ)နောက် က စောင့်နေတဲ့ သူတွေကလည်း ချက်ချင်းဆို သလို အစဉ်လိုက် တန်းစီလိုက်ကြ၏။

ချန်ရှင်းလည်း ပိုက်ဆံတွေကို မြန်မြန် ‌ယူ လိုက်ကာ မြန်ဆန်တဲ့ ခြေလက်တွေကို သုံးပြီး ဝယ်သူတွေဆီကို အစားအသောက်တွေ ပို့ပေးလိုက်၏ာ

ချန်ရှင်း လုံးလည်ချာလည်လိုက်ကာ အလုပ် ရှုပ်နေတုန်း သီးသန့်ဆန်တဲ့ အသံတစ်ခုက လူအုပ်ကြားထဲကနေ ထွက်ပေါ်လို့လာလေ၏။ “ ခင်ဗျားတို့အားလုံးဖယ်ကြစမ်း, ဘေးကို ဖယ်ကြ, ကျုပ်ဝင်မလို့ ”

ချန်ရှင်းရှေ့က ဝယ်သူ‌‌တွေအကုန်လုံး အတန်း နှစ်ခု ကွဲသွားကာ သူတို့ မျက်နှာတွေကို အနောက်က အော်လိုက်တဲ့ လူဆီ လှည့်ကြည့်လိုက်ကြသည်။

ချန်ရှင်း နောက်လိုက်တွေ အများကြီး ရှေ့ကနေ ပုံစံမကျ ဘ၀မြင့်နေတဲ့ အပြုအမူ‌နဲ့ လမ်းလျှောက်လာတဲ့ လူကို ကြည့်လိုက်သည်။ နှုတ်ခမ်းကို ခပ်တင်းတင်းစေ့ကာ တိတ်တဆိတ် စတင် သတိထားလိုက်၏။ 

လိုင်ကျို့ အချိန်အကြာကြီး စောင့်ကြည့်ပြီး သွားပြီ။ ဒီကောင်ငယ်လေးရဲ့ စီးပွားရေးက သူထင်ထားတာထက် ပိုကောင်းနေတာပင်။ ဒါ့အပြင် သူသုံးနေတဲ့ ဟင်းလျာအတွက် ကုန်ကြမ်း‌တွေဆိုတာကလည်း တို့ဖူးနဲ့ နုပ်နုပ်စဉ်းထားတဲ့ အသား အနည်းငယ်သာ။ သေချာပေါက် ကုန်ကျစရိတ်ကိုဖယ်လိုက်ရင် တောင်မှ ထိုကောင်လေး အတော်များများ စုဆောင်းမိနေလောက်ပြီ။ အဲ့တာက သူ့ကို ပိုပြီး မနာလိုဖြစ်စေတယ်လေ

အစားထိုးယောက်ျားလေးဇနီးသည် " ဖူလန် " အဖြစ် ကူးပြောင်းသွားခြင်းWhere stories live. Discover now