အခန်း (၆) - ‌မာပိုတို့ဖူး

1.3K 175 6
                                    

Unicode

အခန်း (၆) - ‌မာပိုတို့ဖူး

နောက်တစ်‌နေ့မှာတော့ ချန်ရှင်း ချိန်းထားတဲ့ အချိန်ရောက်တာနဲ့ တို့ဖူး ယူဖို့အတွက် တံခါးဝဆီ ထွက်လာလိုက်၏။ တံခါးခေါက်သံ ကြားလိုက်ရပြီးတဲ့နောက် ချက်ချင်းဆိုသလိုပင် ကုအိမ်တော်ရဲ့ တံခါးကို ဖွင့်လိုက်သည်။

တံခါးထပ်ခေါက်ဖို့အတွက် လက်မြှောက်ထားတဲ့ ဆိုင်ရှင်ခမျာ ရုတ်တရက် ပွင်လာတဲ့ တံခါးကြောင့် သိသိသာသာကို လန့်ဖြန့်သွားလေ၏။ ရှက်ရွံ့နေတဲ့ အမူအရာက သူ့မျက်နာပေါ်မှာ အထင်းသား။ ချန်ရှင်းရဲ့ ပခုံးပေါ်ကနေ ကျော်ပြီး အ‌နောက်ဘက် က မြင်ကွင်းကို ကြည့်လိုက်မိသည့် သူ့စိတ်ထဲ မတုန်လှုပ်ပဲ မနေနိုင်ခဲ့ပါချေ။

ချန်ရှင်းက သူ့ရဲ့ ကြောက်စိတ်မွှန်နေတဲ့ အသွင်အပြင်ကြောင့် အနည်းငယ် ရှုပ်ထွေးသွားရ၏။ “ ဘာဖြစ်လို့လဲ? ”

ထိုသို့ကြားတော့မှ ဆိုင်ရှင်ခမျာ ချက်ချင်း အသိပြန်ကပ်သွားရလေ၏။ သူ ဒီကို ဘာလာလုပ်တာလဲ ဆိုတာကို တွေးတောလိုက်ရင်း ဘေးနားချထားတဲ့ တို့ဖူးတွေကို ညွှန်ပြလိုက်ရင်း ကြောက်ကြောက်ရွံ့ရွံ့ဖြင့် “ ဒီမှာ မင်းရဲ့ တို့ဖူးတွေ ”

ချန်ရှင်း တို့ဖူးရဲ့ အရည်အ‌သွေးကို စစ်ဆေးကြည့် လိုက်သည်။ ဒါတွေက သေချာပေါက် ဒီနေ့မှ လုပ်ထားတဲ့ တို့ဖူးတွေပါပင်။ ဆိုင်ရှင်ကို ခေါင်းငြိမ့်ပြလိုက်ရင်း လက်ရှိတို့ဖူးတွေအတွက် ကျန်ငွေနဲ့ မနက်ဖြန် အတွက် စရံငွေကိုပါ ပေးချေလိုက်သည်။

ဆိုင်ရှင်တစ်ယောက်ခမျာမယ် ပိုက်ဆံ ယူပြီးတာနဲ့ တံခါးအတွင်းဘက်ကို လှမ်းကြည့်လိုက် ထိတ်လန့်တုန်လှုပ်နေလိုက်နှင့် တစ်ပတ်လည် နေပြီးမှ သရဲ အလိုက်ခံရသလိုမျိုး ဒရောသောပါး ထွက်ပြေးသွားလေ၏။

အလျင်စလို ထွက်ပြေးသွားတဲ့ ဆိုင်ရှင်ကို ကြည့် ရင်း ချန်ရှင်း ပခုံးသာတွန့်လိုက်မိကာ ခါးကိုင်းပြီး တို့ဖူးဗန်းကိုယူလိုက်သည်။ သူ နောက်ပြန်လှည့် လိုက်ချိန်မှာတော့ သူ့နောက်က ပေါင်းပင်တွေ အပြည့် ဖြစ်နေတဲ့ ခြံဝန်းကို မြင်လိုက်ရကာ ရုတ်တရက် တိတ်ဆိတ်သွားခဲ့ရလေ၏။ သူ အခုတော့ တို့ဖူးဆိုင်ရှင် ဘာလို့ အဲ့လို အမူအရာ ဖြစ်သွားရသလဲဆိုတာကို နားလည်လိုက်ရပြီလေ။

အစားထိုးယောက်ျားလေးဇနီးသည် " ဖူလန် " အဖြစ် ကူးပြောင်းသွားခြင်းWhere stories live. Discover now