အခန်း (၁၄) - ကြက်စွပ်ပြုတ်

791 124 4
                                    

Unicode

အခန်း (၁၄) - ကြက်စွပ်ပြုတ်

စားပွဲထိုးက ဆိုင်ရှင်ချောင်ရဲ့ အမိန့်ကို ရရှိပြီး‌ နောက် စကားတစ်ခွန်းမှ မပြောဘဲ ပြေးထွက်သွားခဲ့ကာ ကျယ်လောင်စွာ ဝါဒဖြန့်နေဆဲဖြစ်သည့် စွင်းမိသားစုမှ ကောင်လေးအား အကျိုးအကြောင်း မေးမြန်းခဲ့သည်။  ထို့နောက် အဘွားစွင်းထံ သို့ပါ ပြေးသွားပြီး ချန်ရှင်း အကြောင်း မေးလိုက်ပြန်၏။

ဆိုင်ရှင်‌ချောင် သိချင်တဲ့ အချက်အလက်ကို မေးပြီးနောက် စားပွဲထိုးက တွေဝေမိန်းမော လျက် စတိုးဆိုင်ကို ပြန်လာခဲ့၏။ သူ့တင်ပြချက်ကို စောင့်နေတဲ့ သူဌေးကို ကြည့်လိုက်ကာ တုံ့ဆိုင်းလျက်ဖြင့် " သူဌေး, ကျွန်တော် အခု ရှင်းရှင်းလင်းလင်း သိလာခဲ့ပြီ ”

ဆိုင်ရှင်ချောင်က လက်ရှိ ဆိုင်ရဲ့ ဆိုးရွားနေတဲ့ စီးပွားရေးကြောင့် ဒေါသထွက်နေပြီးသား ဖြစ်လေရာ စားပွဲထိုးရဲ့ ချီတုံချတုံ အမူအရာကို မြင်တော့ ဒေါသအမျက်ချောင်းချောင်း ထွက်လာခဲ့ကာ  " ပြောစရာရှိတာကို ပြောစမ်း !"

စားပွဲထိုးက သူ(မ) အော်ငေါက်တာကို ခံလိုက် ရပြီးနောက် ပြန်မ‌ပြောဝံ့ချေ။ သူ ကြားလာတဲ့ သတင်းကိုသာ ပြန်ပြောရုံသာ တတ်နိုင်ခဲ့၏။ 
“ စွင်းမိသားစုက ကောင်လေးက အဲဒီကောရဲ့  အစားအသောက်ရောင်းတဲ့ နေရာသစ်ကို ကြေညာ‌ပေးနေတာ,  မာပိုတို့ဟူးရောင်းတဲ့ အဲ့ဒီ့‌ကောက အဲဒီနေ့က ဖမ်းခံရပြီး ထောင်ထဲ မရောက်ရုံမကလို့ လိုင်မိသားစုဆီကနေ သိမ်းခံထားရတဲ့ လမ်းအဆုံးက ဆိုင်ကိုတောင် မှ အရာရှိတွေဆီကနေ ငှားလိုက်နိုင်တယ်တဲ့ "

သူ စကားပြောပြီးသည့်နောက် စက္ကန့်ပိုင်း လောက်တွင် ဆိုင်ထဲ၌ ကြမ်းတမ်းသော အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာလေ၏။

" ဘာ?!!!"

ဆိုင်ရှင်ချောင်၏ မျက်လုံးများက ပြူးကျယ် သွားကာ စားပွဲထိုးကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။ ဤအဖြေကို လက်မခံနိုင် ဖြစ်နေသည်မှာ အထင်အရှားပင်။

စားပွဲထိုးက လည်ပင်းကိုကျုံ့လိုက်ပြီး တိုးတိုးလေးဆို၏။  " ကျွန်တော်လည်း မယုံနိုင်ဘူး, ဒါပေမဲ့ အဲ့အဖွားကြီးက အဲ့အတိုင်းပြောလိုက်တာဗျ ”

အစားထိုးယောက်ျားလေးဇနီးသည် " ဖူလန် " အဖြစ် ကူးပြောင်းသွားခြင်းWhere stories live. Discover now