အခန်း (၁၀) - ဝန်ခံခြင်း

1.2K 144 6
                                    

အခန်း (၁၀) - ဝန်ခံခြင်း

သူထွက်သွားပြီးနောက် လိုင်ကျို့ ဘာဖြစ်သွား သလဲဆိုတာကို ချန်ရှင်း မသိလိုက်ပါချေ။ အိမ်ပြန်တဲ့ လမ်းတစ်လျှောက် ကုလန်ကို ဒီအကြောင်း ဘယ်လိုပြောပြရမလဲဆိုတာကို သာ ချီတုံချတုံ ဖြစ်လို့နေခဲ့၏။ အဆုံးသတ်ကျ ဒါက သူ့ကြောင့်ဖြစ်တဲ့ ပြဿနာပင်။ လိုင်ကျို့သာ တကယ်ကြီး ကုအိမ်တော်ကို ရောက်လာခဲ့ပါက ကုလန်နဲ့ တခြားသူတွေပါ ပါဝင်ပက်သက်မိသွားမှာကို သူ တကယ်ပဲ စိုးရိမ်မိနေတာပင်။

ချန်ရှင်း စိတ်ကူးထားတာက တခြား ဘာကမှ အလုပ်မဖြစ်တော့လျှင် သူ နာမည်ကြီးသွားတာကို ရှောင်ဖို့ ဒီနေရာကနေ ခဏတဖြုတ် ထွက်သွားသင့်သည်ဟုပင်။ ဒါပေမယ့် အဲ့လိုဆိုလျှင်တော့ သူ ကုလန်ရဲ့ ပိုက်ဆံတွေကို လတ်တလော ပြန်မဆပ်နိုင်လောက်။

ချန်ရှင်း စိတ်မချမ်းမသာနဲ့ ကုအိမ်တော် ဂိတ်တံခါးကို ခြေချလိုက်ရ၏။ အကြည့် တစ်ချက်မှာတင် ခါတိုင်း မြက်‌ပင်အပုံလိုက်နဲ့ ရှုပ်ထွေးနေတဲ့ ခြံဝင်းက အခုတော့ တော်တော် များများ ရှင်းလင်းပြီးသားဖြစ်နေကာ ဘာမှ သိပ်မရှိတော့ပေ။

မြက်တောထဲကနေ ရုတ်တရက် ပေါ်လာတဲ့ လူ
ကြောင့် ချန်ရှင်း ကြက်သေသေသွားရ၏။ သေချာအနီးကပ်ကြည့်တော့မှ ချိုးကျိုဖြစ်နေတော့တာပင်။

သူ့ ကို မြင်တော့ ချိုးကျိုမျက်လုံးတွေက အရောင်တောက်သွားကာ တစ်ခုခု ပြောချင်သလိုမျိုး ပါးစပ်ဟလိုက်၏။ သို့သော်ငြား ချန်ရှင်းရဲ့ အဆင်ပြေမနေတဲ့ အမူအရာကြောင့် သူ့မျက်နှာပေါ်က အပြုံးတို့ တန့်သွားရကာ မေးလာလေ၏။ “ ချန်ရှင်း, ခင်ဗျား ဘယ်ကို သွားပြီး ပြန်လာတာလဲ? ပြဿနာတစ်ခုခု တက်လာလို့လား? ”

ချန်ရှင်း သူ့ကို တွန့်ဆုတ်စွာကြည့်လိုက်ကာ ဘယ်ကနေ စပြောရမယ် မသိ ဖြစ်လို့နေရ၏။

ချိုးကျိုက ချန်ရှင်းရဲ့ ပြဿနာရှိနေပုံရတဲ့ အမူအရာကို ‌တွေ့တော့ လှိုက်လှိုက်လှဲလှဲပြုံး ကာ “ အကယ်၍ ခင်ဗျားမှာ အခက်အခဲ တစ်ခု ခု ရှိတယ်ဆိုလည်း သခင်လေးကို ပြောပြလို့ ရပါတယ်, သခင်လေးက တော်တော်လေးကို ထက်မြက်တော့ သေချာပေါက် ခင်ဗျားကို ကူညီပြီး ဖြေရှင်းပေးနိုင်မှာပါ ”

အစားထိုးယောက်ျားလေးဇနီးသည် " ဖူလန် " အဖြစ် ကူးပြောင်းသွားခြင်းWhere stories live. Discover now